အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ အလုပ်လျှောက်လွှာခေါ်ယူခြင်း
(ပြည်တွင်း၌သာ ခန့်ထားရန်)
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နေပြည်တော်ရှိ နိုင်ငံတကာ မိသားစုစီမံကိန်းအဖွဲ့အစည်း( IPPF ) စီမံချက်ဌာနတွင် ကွန်ပျူတာစာရေး နေရာအတွက် လုပ်ကိုင်လိုသူများ လျှောက်ထားနိုင်ပါသည်။
စိတ်ပါဝင်စားသူများသည် ကိုယ်ရေးအချက်အလက်ပြည့်စုံစွာ ရေးသားထားသော ကိုယ်ရေးလျှောက်လွှာ၊ သက်ဆိုင်ရာ ရဲစခန်းနှင့် ရပ်ကွက်ရုံးထောက်ခံစာ၊ ဘွဲ့လက်မှတ် မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ အလုပ်သမား မှတ်ပုံတင် မိတ္တူတို့နှင့်အတူ IPPF စီမံချက်ဌာန ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ သုခုမလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်သို့ ( ၉ - ၂ - ၂၀၁၈) နောက်ဆုံးထားပေးပို့ရပါမည်။
                   (မိမိအစီအစဉ်ဖြင့် နေထိုင်ရမည်ဖြစ်ပါသည်)
 
 
လိုအပ်သောအရည်အချင်းများ

  • အစိုးရအသိအမှတ်ပြု ကောလိပ်/ တက္ကသိုလ်မှ ဘွဲ့ရရှိထားသူဖြစ်ရမည်။
  •  
  • ရုံးလုပ်ငန်း၊ အသင်းလုပ်ငန်း အတွေ့အကြုံရှိသူ ဦးစားပေးမည်။
  • ပထမ (၃) လ အစမ်းခန့်မည်ဖြစ်ပြီး ၎င်းကာလတွင် လစာအနေဖြင့် US$
  •   နှင့်ညီမျှသော မြန်မာငွေ ရရှိမည်။
  • နေပြည်တော်ရှိမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)ရုံး IPPF စီမံချက်ဌာနတွင် လုပ်ကိုင်ရပါမည်။
  • မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် IPPF ဌာနတို့မှ လက်ခံ ကျင့်သုံးနေသော IPPF – Child Protection Policy ပါ အချက်များနှင့် စည်း ကမ်းများကို လိုက်နာ ကျင့်သုံးရမည်။
  • ကွန်ပျူတာနှင့် ပတ်သက်၍ မြန်မာ၊ အင်္ဂလိပ် (၂) ဘာသာ ကျွမ်းကျင်စွာ ရိုက်နှိပ် ကိုင်တွယ်နိုင်သူ ဖြစ်ရမည်။
  • Adobe Page Maker, Microsoft Word, Excel, Photoshop, PowerPoint, Internet, Email ကျွမ်းကျင်မှုရှိရမည်။
  • ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။

၂။ ၀န်ထမ်းအလိုရှိသည်
(ပြည်တွင်း၌သာခန့်ထားရန်)
-    ၁။ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် အထွေထွေ လုုပ်သား ခန့်ထား ရန်အတွက် အောက်ပါအချက်အလက်နှင့် ပြည့်စုံသူ လှျောက်ထားနိုင်သည်။
-        (က) အမျိုးသားများ လှျောက်ထားနိုင်ပါသည်။
-        (ခ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
-        (ဂ) အသက် (၃၀) နှစ်ထက် မကြီးသူဖြစ်ရမည်။
-        (ဃ) ပန်းခြံလုပ်ငန်း၊ သန့်ရှင်းရေးနှင့် အထွေထွေလုပ်ငန်းများကို လုပ်ကိုင်နိုင်သူ ဖြစ်ရ မည်။
-        (င) ဒေသခံများကို ဦးစားပေးစဉျးစားမည်။
-    ၂။    ရွေးချယ်ခြင်းခံရပါက နေ့စားအဖြစ် တစ်နေ့ (၄၀၀၀ိ/-)နှုန်းဖြင့် ခန့်အပ်မည်ဖြစ်ပြီး စေတနာထားကြိုးစားလုပ်ကိုင်မှုပေါ်မူတည်၍ အမြဲတမ်း ၀န်ထမ်းအဖြစ် ခန့်အပ်မည် ဖြစ်ပါ သည်။ အမြဲတမ်း၀န်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရပါက လစာနှုန်း ( ၁၂၀၀၀၀ိ/-၁၀၀၀ိ/-၁၃၀၀၀၀ိ/ ) ခံစားခွင့် ရှိမည်။
-    ၃။    သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများသည် ကိုယ်ရေးလှျောက်လှှာနှင့်အတူ ကိုယ်ရေးရာဇ၀င်၊ ပညာအရည်အချင်း၊ အထောက်အထားအပြည့်အစုံ၊ ပြစ်မှုကင်းရှင်း ကြောင်းထောက်ခံချက်တို့ကို ပူးတွဲလျက် မြန်မာနို်င်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သုခုမလမ်း၊ ဒက်ခိဏသီရိမြို့နယ်၊ နေပြည်တော်သို့ (၉-၂-၂၀၁၈) ရက်နေ့တွင် နောက်ဆုံး ထား၍ လှျောက်ထားနိုင်ပါသည်။
-    မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း