မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကျောင်းဝတ်စုံနှင့်ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့လှူဒါန်းခြင်းအခမ်းအနား။

၂၀၁၉ခုနှစ်၊ ဩဂုတ်လ ()ရက်
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှနေပြည်တော်၊ပြည်ထောင်စုနယ်မြေရှိ (၂၀၁၉−၂၀၂၀) ပညာသင်နှစ်တွင်ပညာသင်ကြားလျက်ရှိသော အခြေခံပညာကျောင်းသား/သူများအတွက်ကျောင်းဝတ်စုံနှင့်ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို၂၀၁၉ခုနှစ်၊သြဂုတ်လ(၂)ရက်၊နံနက်(၁၀:၀၀)နာရီတွင်နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊သုခုမလမ်းရှိမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအစည်းဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ဒုတိယဥက္ကဌ(၁)ပါမောက္ခဒေါက်တာမာလာဝင်း၊အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်းနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှဥက္ကဌနှင့်ဒုတိယဥက္ကဌ၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊နေပြည်တော်ကောင်စီနယ်မြေပညာရေးမှူးနှင့်မြို့နယ်ပညာရေးမှူများ၊အခြေခံပညာကျောင်းများမှကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ဆရာ/ဆရာမများ၊ကျောင်းသား/သူများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ဥက္ကဌနှင့်အဖွဲ့ဝင်များမှကျောင်းဝတ်စုံများနှင့်ကျောင်းသုံးစာရေးကိရိယာများကိုပေးအပ်ရာသက်ဆိုင်ရာကျောင်းအသီးသီးတို့မှတာဝန်ရှိသူများကလက်ခံရယူကြပါသည်။
အဆိုပါအခမ်းအနားတွင်နေပြည်တော်ပြည်ထောင်စုနယ်မြေရှိအခြေခံပညာကျောင်း (၂၈ ) ကျောင်းနှင့်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးဝန်ထမ်း မိသားစုများ၏ကလေး(၁၃)ဦးအပါအဝင် စုစုပေါင်းကျောင်းသား/သူ ( ၃၇၂၉ )ဦးအတွက် ကျောင်းဝတ်စုံများ နှင့်ကျောင်းသုံးစာရေးကိရိယာများကိုအသီးသီးထောက်ပံ့ လှူဒါန်းခဲ့ပါသည်။ထို့နောက်သပြေပင်အခြေခံပညာကျောင်းမှကျောင်းအုပ်ဆရာမကြီးဒေါ်မူမူဆွေမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ထောက်ပံ့လှူဒါန်းငွေစုစုပေါင်းမှာငွေကျပ်တန်ဖိုးအနေဖြင့်(၁၀,၆၆၈,၆၆၀)ကျပ်ဖြစ်ပါသည်။