ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် Rotaplast International (USA) အဖွဲ့တို့ ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများ၊ မီးလောင် ဒဏ်ရာများ၊မွေးရာပါ ချို့ယွင်း ချက်ရှိသော လူနာများ ခွဲစိတ်ကုသခံယူမှု အခြေအနေကို သွားရောက်ကြည့်ရှုထောက်ပံ့ ခြင်း။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်  Rotaplast International (USA) အဖွဲ့တို့ ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများ၊ မီးလောင် ဒဏ်ရာများ၊မွေးရာပါ ချို့ယွင်း ချက်ရှိသော လူနာများ ခွဲစိတ်ကုသခံယူမှု အခြေအနေကို သွားရောက်ကြည့်ရှုထောက်ပံ့ ခြင်း။ ၃၀ - ၇ - ၂၀၁၈
 
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် Rotaplast International (USA) အဖွဲ့တို့ ပူးပေါင်း၍ နှုတ်ခမ်း ကွဲ၊အာခေါင်ကွဲလူနာများ၊မီးလောင်ဒဏ်ရာများရှိသော လူနာများကို စုစည်းပြီး နေပြည် တော် အငြိမ်းစားနိုင်ငံဝန်ထမ်းဆေးရုံတွင် ( ၂၅ - ၇ - ၂၀၁၈)ရက်နေ့မှ ( ၅ - ၈ - ၂၀၁၈) ရက်နေ့အထိ ခွဲစိတ်ကုသဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်း စန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းနှင့် အကျိုးဆောင်စာရင်းစစ် ဒေါက်တာခင်ဝင်းသက် တို့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့တွင် နေပြည်တော် အငြိမ်းစားနိုင်ငံဝန်ထမ်းဆေးရုံသို့ သွားရောက်ပြီး ခွဲစိတ်ကုသပေးနေသော ဆရာဝန်များ အဖွဲ့အတွက် ကျွေးမွေးဧည့်ခံရန်  ကျပ် (၇၀၀,၀၀၀/-) ကို ပေးအပ်လှူဒါန်းရာ နေပြည် တော်အငြိမ်းစားနိုင်ငံဝန်ထမ်း ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါ သည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့်အဖွဲ့သည် ခွဲစိတ်ပြီးလူနာများနှင့် ခွဲစိတ်မည့်လူနာများအား လှည့်လည်ကြည့်ရှုခဲ့ပြီး လူနာတစ်ဦး လျှင်(၂၀,၀၀၀/-)နှုန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ (၃၀-၇-၂၀၁၈)နေ့တွင် နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲလူနာများ၊ မီးလောင်ဒဏ်ရာများ ခွဲစိတ်ကုသမှုခံယူသည့် ဆေးရုံတက်လူနာ (၆၀)ဦးရှိပြီး လှူဒါန်းမှု စုစုပေါင်း တန်ဖိုးမှာ (၁,၉၀၀,၀၀၀/-) ဖြစ်ပါသည်။