တင်ဒါအတည်ပြုရွေးချယ်ခြင်း

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမေတ္တာစမ်းရေဆေးခန်း တွင် တပ်ဆင်အသုံးပြုရန် Ultrasound အသစ်(၁)လုံးဝယ်ယူတပ်ဆင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ တင်ဒါအဆိုပြုလွှာ လာရောက်တင်သွင်းသူများအနက်  Healthy Life  Co., Ltd ကို တင်ဒါကော်မတီမှ အတည်ပြု ရွေးချယ် လိုက်သည်။