နေပြည်တော်၊လယ်ဝေးမြို့နယ်၊ကြို့ကုန်းကျေးရွာတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း။

 

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်။

 


      မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအတွင်းရေးမှူးဒေါ်တင်တင်ဝင်းနှင့်ဗဟိုအလုပ်အမှုဆောင်များ၊အသင်း၏ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊   နေပြည်တော် ကုတင် (၁၀ဝ၀)ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်အဖွဲ့၊ပျဉ်းမနားကုတင် (၂၀ဝ)ပြည်သူ့ဆေးရုံမှ  မျက်စိအထူးကုဆရာဝန်များ၊နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  လက်ထောက် ညွန်ကြားရေး မှူးနှင့်ဆရာဝန်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ဒက္ခိဏခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ ဝင်များ၊ လယ်ဝေး မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမေတ္တာစမ်းရေဆေးခန်းမှတာဝန်ခံဆရာဝန်ကြီးနှင့်လက်ထောက်ဆရာဝန်များ လိုက်ပါလျက် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ လ(၂၅) ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကြို့ကုန်းကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင်ရွက်ခဲ့ပါသည်။
          ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးမှ အမှာစကားပြောကြားပြီး၊လက်ထောက်ဆရာဝန်ဒေါက်တာသက်နိုင်ဦးမှနာတာရှည်ရောဂါများဖြစ်သောနှလုံး၊သွေးတိုး၊ဆီးချိုရောဂါများ အကြောင်းကိုလည်းကောင်း၊ မေတ္တာစမ်းရေဆေးခန်း တာဝန်ခံဆရာဝန်ကြီး ဒေါက်တာ  စမ်းစမ်းလှိုင်မှ “ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်းနှင့်ကိုယ်ဝန်ဆောင်စနစ်တကျစောင့်ရှောက်မှု ခံယူရန် အရေးပါမှု၊ကျွမ်းကျင်သူ များဖြင့် မွေးဖွား ရန်’’ အကြောင်းကိုလည်းကောင်း၊ဟောပြောခဲ့ပါသည်။ ဆက်လက်၍ အသက်(၂၄)နှစ်အောက်လူငယ်များကိုမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊
IPPF  စီမံချက်ဌာနမှ  လက်ထောက်စီမံချက်အရာရှိ  ဒေါ်ဖြိုးသန္တာအေးမှပျိုရွယ်သူကျန်းမာရေးအသိပညာ ပေးခြင်းကိုလည်းကောင်း၊“လူကုန်ကူးခြင်းဆိုင်ရာသိကောင်းစရာများ’’အကြောင်းကိုပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများမှ လည်းကောင်း အသီးသီးကျန်းမာရေး  အသိပညာပေး ဟောပြောခဲ့ကြပါသည်။ ၄င်း ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်း ဟောပြောပွဲတွင် သက်ကြီးဘိုးဘွားများ  ကိုယ်ဝန်ဆောင်များ၊လူငယ်များနှင့်ဆေးခန်းသို့ လာရောက်ပြသသောလူနာများ  အပါအဝင် ကျေးရွာရပ်ကွက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
     ဆက်လက်၍  အဘိုးအဘွားများကို   အားဆေးနှင့်အဟာရဖြစ်စေသောအစားအစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များကိုတစ်ခါသုံးမွေးအိတ်၊အိုင်အိုဒင်းဆားနှင့်ဆပ်ပြာများကိုလည်းကောင်း ၊ကျေးရွာ စာကြည့်တိုက်အတွက်မေတ္တာစမ်းရေမဂ္ဂဇင်းများကို လည်းကောင်းလှူဒါန်းခဲ့ပါသည်။ဒုတိယပိုင်း တွင်ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာကိုယ်  ဝန်ဆောင် (၇) ဦး၊  သက်ကြီးဘိုးဘွား (၃၅)ဦး၊ မျက်စိ လူနာ( ၅၂ )ဦး၊ သွား နှင့်ခံတွင်းလူနာ( ၈ )ဦး နှင့် အထွေထွေလူနာ (၁၀၉ )ဦး စုစုပေါင်း(၂၁၁)ဦး တို့ကို   ကြည့်ရှု့စစ်  ဆေးကုသပေးခဲ့ပြီးညွှန်းပို့ရန်လိုအပ်သောလူနာများကိုနီးစပ်ရာကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်းနှင့် ချို့တဲ့လူနာများကိုထောက်ပံ့ခြင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း  သတင်းရရှိ ပါသည်။