နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများ၊မီးလောင်ဒဏ်ရာများနှင့် မွေးရာပါ ချို့ယွင်းချက် ရှိသောလူနာများခွဲစိတ်ကုသခံယူမှုကိုသွားရောက်ကြည့်ရှုထောက်ပံ့ခြင်း။

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်
 
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းသည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ Face of Tomorrow (USA) အဖွဲ့တို့နှင့် ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်  ကွဲ လူနာများ၊မီးလောင်ဒဏ်ရာများနှင့် မွေးရာပါ ချို့ယွင်းချက်ရှိသောလူနာ များကို စုစည်းပြီး နေပြည်တော် အငြိမ်းစားနိုင်ငံဝန်ထမ်းဆေးရုံတွင် (၁၉ - ၁ - ၂၀၁၉) မှ (၂၇ - ၁ - ၂၀၁၉) ရက်နေ့အထိ ခွဲစိတ်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင်ရှောက်ရေး အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်၊ အတွင်းရေးမှူးဒေါက်တာ နွယ်နီအုန်း၊ စာရင်းစစ် ဒေါက်တာခင်ဝင်းသက်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းစိန်တို့သည် နေပြည်တော် အငြိမ်းစားနိုင်ငံဝန်ထမ်းဆေးရုံသို့ သွား ရောက်ပြီးခွဲစိတ်ကုသပေးနေသောဆရာဝန်များအဖွဲ့အတွက် ကျွေးမွေးဧည့်ခံရန် ထောက် ပံ့ငွေ ကျပ် (၇၀၀,၀၀၀/-)ကို ပေးအပ်လှူဒါန်းရာ နေပြည်တော် အငြိမ်းစားနိုင်ငံ ဝန်ထမ်း ဆေးရုံ အုပ်ကြီးနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းဥက္ကဌနှင့် အဖွဲ့သည် ခွဲစိတ်ပြီးလူနာများနှင့် ခွဲစိတ်မည့်လူနာ စုစုပေါင်း (၃၈)ဦး အားလှည့်လည်ကြည့်ရှုခဲ့ပြီး လူနာတစ်ဦးလျှင် ကွေကာအုပ် အထုပ်ကြီးတစ်ထုပ်နှင့် ငွေကျပ်(၃၀,၀၀၀/-)ကို ပေးအပ် လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်း တန်ဖိုးမှာ (၁,၉၁၉,၂၀၀/-)ကျပ် ဖြစ်ပါသည်။ ထို့နောက် လူနာများ ဆေးရုံသို့ လာရောက်သော ခရီးစရိတ်နှင့်နေအိမ်သို့ပြန်ရန် ခရီး စရိတ်များကို ဆက်လက်ထောက်ပံ့ သွားမည်ဖြစ် ပါသည်။