ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးစီမံချက် နှစ်ပတ်လည်ဆန်းစစ်ခြင်းအခမ်းအနား။

၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်။

 

 

 

 

 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသား TB ရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် Global Fund တို့ပူးပေါင်းဆောင်ရွက်သည့် Annual Evaluation Meeting on Community Based TB Care Project (၈-၃-၂၀၁၇)
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသား TB ရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် Global Fund တို့ပူးပေါင်းဆောင်ရွက်သည့် Annual Evaluation Meeting on Community Based TB Care Project ၏ အခမ်းအနားကို ၂၀၁၇ခုနှစ်၊ မတ်လ(၈) ရက်၊ နံနက် (၉း၀၀) နာရီတွင် နေပြည်တော်၊ ဒက်ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအေ၀းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကဌ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ တာ၀န်ရှိသူများ၊ စီမံချက်၀င်တိုင်းဒေသကြီး၊ ပြည်နယ်နှင့်နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့မှ အဖွဲ့၀င်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော် TB ရောဂါတိုက်ဖျက်ရေးဆိုင်ရာဆရာ၀န်ကြီးများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးဥက်ကဌများ၊ စီမံချက်၀င်မြို့နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကဌနှင့် စေတနာ့၀န်ထမ်းအသင်း၀င်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက်ကဌက အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာချိုချိုစန်း (ဒုတိယညှှန်ကြားရေးမှူး) (တီဘီ) မှ မြန်မာနိုင်ငံ၏ တီဘီရောဂါတိုက်ဖျက်ရေးအခြေအနေကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ဆွေးနွေးပွဲအစီအစဉျကို ဆက်လက်ကျင်းပခဲ့ရာ ကမ်ဘာ့ကျန်းမာရေးအဖွဲ့နည်းပညာအရာရှိ ဒေါက်တာ၀င်းမောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဒုတိယညှှန်ကြားရေးမှူး ဒေါက်တာချိုချိုစန်းက အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းအကြောင်းနှင့် ၂၀၁၆ခုနှစ် ရလဒ်များအကြောင်း မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ CBTBC စီမံချက်တာ၀န်ခံ ဒေါက်တာသက်နိုင်ဦးက ၂၀၁၆ ခုနှစ်အတွင်း စီမံချက်ရလဒ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စီမံချက်၀င် တိုင်းဒေသကြီး/ပြည်နယ်နှင့်နေပြည်တော် တီဘီရောဂါတိုက်ဖျက်ရေးဆရာ၀န်ကြီးများက လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးကြပါသည်။
နေ့လည်ပိုင်းဆွေးနွေးပွဲတွင် ကမ်ဘာ့ကျန်းမာရေးအဖွဲ့နည်းပညာအရာရှိ ဒေါက်တာ၀င်းမောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး စီမံချက်၀င်တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စီမံချက်ဆောင်ရွက်ရာတွင် တွေ့ရှိခဲ့သော အတွေ့အကြုံနှင့် စိန်ခေါ်မှုများအပေါ်မူတည်၍ အုပ်စုလိုက်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉျများကို ချမှတ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။