ပြည်သူလူထုအတွင်း ကိုရိုနာ ဗိုင်းရပ်စ်အကြောင်း အသိပညာပေးရန် နှိုးဆော်ခြင်း

လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါသည် မြန်မာနိုင်ငံတွင် ယနေ့ထိ မဖြစ်သေးသော်လည်း အိမ်နီးချင်းနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံအတော်များများတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိနေပါသည်။ ယင်းရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပါရန်နှင့် မိမိတို့ မြို့နယ်များအလိုက်လည်း အသိပညာပေး ဟောပြောပွဲများ ကျင်းပ ပညာပေးနိုင်ရန်အတွက် ပူးတွဲ Link ပါ အသိပညာပေး Video ဖိုင်များအားကြည့်၍ လိုက်နာဆောင်ရွက်ပါရန်နှင့် မိမိပတ်ဝန်းကျင်ရှိ ပြည်သူလူထုများအား ထပ်ဆင့်ပညာပေးရန် နှိုးဆော်အပ်ပါသည်။

Link;  https://youtu.be/pbbvdzP8Vjw
            https://youtu.be/nNggowrfjr8
            https://mohs.gov.mm/Main/content/publication/2019-ncov