မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော "ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှု" အခမ်းအနားတွင် ပြခန်းပြသပါဝင်ခြင်း။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်။
 

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော "ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှု" အခမ်းအနားတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် ပြခန်းပြသပါဝင်ခြင်း။

 
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော "ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှု" အခမ်းအနားတွင် မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် ပြခန်းပြသပါဝင်ခဲ့ပါသည်။ ပဋိသန္ဓေတည်ခြင်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း၊ သားပျက်သားလျှောခြင်း နှင့်ပတ်သက်သော အချက်အလက်များ ပြသ ထားပြီး လာရောက်ဖြေဆိုသူများအား မေးခွန်းများမေး၍ အဖြေမှန် ဖြေဆိုနိုင်သူများကို လက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ မော်လမြိုင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများနှင့်လူငယ်လူရွယ်များလာရောက်ဖြေဆိုကြပါသည်။
ထိုအခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဌ (၁) ပါမောက္ခ ဒေါက်တာမာလာဝင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာစန်းစန်းဝေနှင့် ဒေါ်သန်းသန်းစိန်၊ လက်ထောက်ဆရာဝန် ဒေါက်တာသက်နိုင်ဦးနှင့် မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အသင်းဝင်များ တက်ရောက် ပါဝင်ခဲ့ကြပါသည်။