မြန်မာနိုင်ငံကလေးများနေ့ အထိ်မ်းအမှတ်အဖြစ်ပြည်ထောင်စုနယ်မြေ ၊နေပြည်တော် အတွင်းရှိ အသင်းပိုင်မူလတန်းကြိုကျောင်း ကလေးငယ်များ၏ကာယ၊ဉာဏ ဘက်စုံစွမ်းရည်ပြိုင်ပွဲဲန ှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခြင်း။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။

             မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့အထိ်မ်းအမှတ်အဖြစ်ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိအသင်းပိုင်  မူလတန်းကြိုကျောင်းများမှ ကလေးငယ်များ၏ ကာယ၊ဉာဏဘက်စုံစွမ်းရည်ပြိုင်ပွဲဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို၂၀၁၇ခုနှစ်၊ဖေဖော်ဝါရီလ(၁၀)ရက်နေ့၊နံနက်(၈း၃၀)နာရီမှ(၁၂းဝ၀)နာရီထိနေပြည်တော်၊ဒက္ခိဏသီရိမြို့၊သုခုမလမ်းရှိမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး
အသင်းခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

        အခမ်းအနားအစီအစဉ်ပထမပိုင်းတွင်  အသင်းဥက္ကဋ္ဌဒေါက်တာနုနုသာက အဖွင့်အမှာစကားပြော ကြားပြီး ဒုတိယပိုင်းအစီအစဉ်တွင် ခရိုင်အလိုက်  မူကြိုကျောင်းများ  ပြိုင်ပွဲများကျင်းပခြင်းနှင့်ကျောင်းအလိုက် ပဒေသာအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများပြုလုပ်ပြီး ပြိုင်ပွဲဝင်နှင့်ဖျော်ဖြေတင်ဆက်သူမူကြို ကလေးငယ်စုစုပေါင်း(၁၆၂)ဦးတို့ကိုမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ဥက္ကဋ္ဌနှင့် ဗဟို အလုပ်အမှုဆောင်များကတန်ဘိုး(၁၀)သိန်းကျပ်ရှိဆုများနှင့်လက်ဆောင်ပစ္စည်းများကိုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီးအသင်းပိုင်မူကြိုကျောင်း(၈)ကျောင်းကိုလည်းကို(၁၀ဝ၀ဝ၀ိ/)စီထပ်မံချီးမြှင့်ခဲ့ပါသည်။အခမ်းအနားသို့  မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက၊ဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ
၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံအမျိုးသမီး များနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့မှ ဖိတ်ကြားထားသူများ၊  ပညာရေးဝန်ကြီးှဌာန၊ နေပြည်တော်ပညာရေးမှူး နှင့်ခရိုင်ပညာရေးမှူးများ၊         နေပြည်တော်  မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့  နှင့်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့အဖွဲ့ဝင်များနှင့်မြို့နယ်(၈)ခုမှ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ အသင်းပိုင် မူကြိုကျောင်းများမှ    ကျောင်းအုပ်နှင်  ့မူကြိုဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်  အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ပြီး ဒိုင်လူကြီးများ အဖြစ် နေပြည်တော်ပြည်ထောင်စုနယ်မြေ လူမှုဝန်ထမ်းဦးစီးဌာနမှ ကူညီပံ့ပိုးခဲ့ကြောင်း သတင်းရရှိပါသည်။