မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေး ဆေးခန်းကို နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာတွင် ဆောင်ရွက်ခြင်း

၂၀၁၈ခုနှစ်၊ဇူလိုင်လ(၁၄)ရက်နေ့
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေး ဆေးခန်းကို နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာတွင် ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြု ရွေ့လျား ကျန်းမာရေးဆေးခန်းကို နေပြည်တော်၊ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာတွင် ဆောင်ရွက်ခြင်း။
          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ခင်ဝင်းသက်နှင့်အသင်းမှ တာဝန်ရှိသူများ၊ ပျဉ်းမနားကုတင်(၂၀၀)ပြည်သူ့ဆေးရုံမှ မျက်စိအထူးကု ဆရာဝန် ကြီးနှင့်အဖွဲ့၊ နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက်ဆရာဝန်များ လိုက်ပါလျက် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင်ရွက်ခဲ့ပါသည်။
          ရှေးဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်ကအမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ထောက်ဆရာဝန် ဒေါက်တာမေချမ်းဦးက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ခြင်း အကြောင်းကိုလည်းကောင်း၊ လက်ထောက်ဆရာဝန် ဒေါက်တာသက်နိုင်ဦးက သွေးချို၊ ဆီးချိုရောဂါအကြောင်းကိုလည်းကောင်း၊ လက်ထောက်ဆရာဝန် ဒေါက်တာဇေယျာမိုး က လုံခြုံစိတ်ချမိခင်ဘဝ အကြောင်းကိုလည်းကောင်း၊အသက်(၂၄)နှစ်အောက် လူငယ်များအား “သက်ငယ်မုဒိမ်းမှုကာကွယ်ရေးဆိုင်ရာနှင့် လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများ အကြောင်းကို” ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူး ဒေါ်သူဇာလွင်က လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြပါသည်။
          ဆက်လက်၍ အဘိုးအဘွား(၁၅၀)ဦးကို အားဆေးနှင့်အာဟာရဖြစ်စေမည့် အစားအစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၂၂)ဦးကို ကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကို လည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေး မဂ္ဂဇင်းများကိုလည်း ကောင်း လှူဒါန်းခဲ့ပါသည်။
          အဆိုပါ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့်လာရောက်ပြသသော လူနာများ အပါအဝင် ကျေးရွာရပ်ကွက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင် (၂၂)ဦး၊ သက်ကြီးဘိုးဘွား(၁၁၅)ဦး၊ မျက်စိလူနာ (၁၀၁၄)ဦး၊ သွားနှင့်ခံတွင်းလူနာ (၉၂)ဦးနှင့် အထွေထွေလူနာ(၁၉၄)ဦး စုစုပေါင်း (၅၂၇)ဦးတို့ကို ကြည့်ရှုစစ်ဆေးကုသပေးခဲ့ပြီး ညွှန်းပို့ရန်လိုအပ်သောလူနာ(၅)ဦးကို နီးစပ်ရာကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်းနှင့် လူနာ(၇)ဦးအား ခရီးစရိတ်ထောက်ပံ့ခြင်းများကိုလည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။