မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ မန္တလေးတိုင်းဒေသကြီးသို့ ကွင်းဆင်းဆောင်ရွက်ခြင်း

၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ ၃၀ ရက်။
 

မြန်မာနိုင်ငံမိခင်နှင့်ကလးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် သည်  ဒုဥက္ကဌ(၁) ဒေါက်တာမာလာဝင်း၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊ စာရင်းစစ် ဒေါက်တာ နွယ်နွယ်ဝင်း စသည့်ဗဟိုအလုပ်အမှုဆောင်များနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် သွားရောက်၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးခြင်းများ၊ စကားဝိုင်းဖွဲ့ဆွေးနွေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။ ခရီးစဉ်တွင် မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေသာဇံမြို့နယ် သားဖွားခန်း၊ ချမ်းအေး သာဇံမြို့နယ် နဂါးသားဖွားခန်း၊ မဟာအောင်မြေမြို့နယ် ခိုဂျာသားဖွားခန်း၊ ဇီဝသုခသားဖွားခန်း၊ စိန်ပန်းသားဖွားခန်း၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာသားဖွားခန်း၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်း ကုန်းစံပြသားဖွားခန်း၊ စဉ့်ကိုင်မြို့နယ် သားဖွားခန်း၊ ကျောက်ဆည်မြို့နယ် သားဖွားခန်း စသည့် အသင်းပိုင်သားဖွားခန်းများ နှင့် အသင်းပိုင်မူကြို တိုု့သို့ သွားရောက် ကြည့်ရှုထောက်ပံ့ ခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်သို့ သွားရောက်ပြီး ကျန်းမာရေးပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့အပြင် မန္တလေးတိုင်း ဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး အသင်းလုပ်ငန်းများနဲ့ ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။