မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၌ စာကြည့်တိုက်ဖွင့်ပွဲကျင်းပပြုလုပ်စဉ်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်။

 

 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတွင် စာကြည့်တိုက်ဖွင့်ပွဲကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ စာကြည့်တိုက်တွင် အသင်းနှစ်ပတ်လည်အစီရင်ခံစာများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ လစဉ်ထုတ်မဂ္ဂဇင်းစာစောင်များ၊ သုတ၊ရသစာပေများ ထားရှိပါသည်။