မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကုတင်(၁၀ဝ၀)တွင် ဆေးရုံတက်ရောက်နေသော နှလုံးရောဂါသည် မွေးဖွားမိခင်အတွက်ထောက်ပံ့လှူဒါန်းခြင်း။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်။

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကုတင်(၁၀ဝ၀)တွင် ဆေးရုံတက်ရောက်နေသော နှလုံးရောဂါသည် မွေးဖွားမိခင်အတွက်ထောက်ပံ့လှူဒါန်းခြင်း
         
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းနိုင်နှင့်ရုံးဝန်ထမ်း များသည်  နေပြည်တော် ကုတင်(၁၀ဝ၀)ဆေးရုံ  တွင်နှလုံးရောဂါဖြင့် တက်ရောက်နေသော   သာစည်မြို့နယ်ရှမ်းရွာမှ မမြတ်နှင်းပွင့်နှင့်သူမ၏သမီးငယ်မရနံ့သင်းတို့အတွက် ထောက်ပံ့အလှူငွေ(၁၀ဝ၀ဝ၀ိ/) နှင့်အနှီး၊ အင်္ကျီ(၃)စုံ၊ လုံချည် (၂)ထည်၊ ကလေးသေးခံ(၁)ထည်နှင့်  နို့မှုန့်(၂)ဗူး တို့ကို (၃၁-၁-၂၀၁၇) ရက်နေ့ နေ့လည်(၁းဝ၀) နာရီတွင် သွားရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။