မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥတ္တရသီရိမြို့နယ်၊လဲဝန်းကျေးရွာတွင် ရွေ့လျားကျန်းမာရေးဆေးခန်းကျင်းပပြုလုပ်ခြင်း။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်။

 


မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း

 
        မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှနာယကဒေါ်ထွေးထွေးညွန့်နှင့်အတွင်းရေးမှူးအဖွဲ့၊နေပြည်တော်ကုတင်(၁၀ဝ၀)ပြည်သူ့ဆေးရုံကြီးမှသွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးအဖွဲ့၊ နေပြည်တော်ကုတင်(၂၀ဝ)အငြိမ်းစားဆေးရုံမှ  မျက်စိအထူးကုဆရာဝန်ကြီးများ၊နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူးနှင့်ဆရာဝန်များ၊နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ဥတ္တရသီရိမြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်းမှတာဝန်ခံဆရာဝန်ကြီးနှင့်လက်ထောက်ဆရာဝန်များ လိုက်ပါလျက်၂၀၁၇ခုနှစ်၊ ဇန်န ဝါရီလ(၂၈)ရက်နေ့တွင် နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ လဲဝန်းကျေးရွာသို့   သွားရောက်ကာရွေ့လျား  ကျန်းမာရေးဆေးခန်း ကိုဆောင်ရွက်ခဲ့ ပါသည်။
          ပထမဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယကဒေါ်ထွေးထွေးညွန့်မှအမှာစကားပြောကြားပြီး၊လက်ထောက်ဆရာဝန်ဒေါက်တာခိုင်နွယ်ဟန် နာတာရှည်ရောဂါများဖြစ် သော နှလုံး၊သွေးတိုး၊ဆီးချိုရောဂါများအကြောင်းကိုလည်းကောင်း၊ဒေါက်တာသက်နိုင်ဦးမှဆင်ခြေထောက် ရောဂါအကြောင်းကိုလည်းကောင်း၊ဒေါက်တာစမ်းစမ်းလှိုင်မှ“ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်းနှင့်ကိုယ်ဝန်ဆောင်စနစ်တကျစောင့်ရှောက်မှုခံယူရန်အရေးပါမှု၊ကျွမ်းကျင်သူများဖြင့် မွေးဖွားရန်’’အကြောင်းကိုလည်းကောင်း၊ဟောပြောခဲ့ပါသည်။ဆက်လက်၍အသက်(၂၄)နှစ်အောက် လူငယ်များကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ လက်ထောက်ဆရာဝန်များမှ  ပျိုရွယ်သူ ကျန်းမာရေး အသိပညာပေးခြင်းကိုလည်းကောင်း၊ “လူကုန်ကူးခြင်း ဆိုင်ရာသိကောင်းစရာများ ’’ အကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများမှအသီးသီးကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြပါသည်။ ဟောပြောပွဲတွင်သက်ကြီးဘိုးဘွားများကိုယ်ဝန်ဆောင်များ၊လူငယ်များအပါအဝင် ကျေးရွာရပ်ကွက်မှတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ ထို့နောက်အဘိုးအဘွားများကိုအားဆေးနှင့်အဟာရဖြစ်စေသောအစားအစာများကိုလည်းကောင်း၊ကိုယ်ဝန်ဆောင်မိခင်များကိုတစ်ခါသုံးမွေးအိတ်၊အိုင်အိုဒင်းဆားနှင့်ဆပ်ပြာများကိုလည်းကောင်း၊ကျေးရွာစာကြည့်တိုက်အတွက်မေတ္တာစမ်းရေမဂ္ဂဇင်းများကိုလည်းကောင်းလှူဒါန်းခဲ့ပါသည်။   ဒုတိယပိုင်းတွင်ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာကိုယ် ဝန်ဆောင် (၃၁) ဦး၊ သက်ကြီး ဘိုးဘွား (၁၇၀)ဦး၊ မျက်စိ လူနာ( ၆၁ )ဦး၊ သွား နှင့်ခံတွင်းလူနာ( ၃၅ )ဦး နှင့် အထွေထွေလူနာ (၁၇၅ )ဦး စုစုပေါင်း  (၄၇၂)ဦး တို့ကိုကြည့်ရှု့စစ် ဆေးကုသပေးခဲ့ပြီးညွှန်းပို့ရန် လိုအပ်သောလူနာများကိုနီးစပ်ရာကျန်းမာရေးဌာနသို့ညွှန်းပို့ခြင်းနှင့်ချို့တဲ့လူနာများကိုထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိ ပါသည်။