မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (MYA-15/A2) HIV/AIDS မျိုးဆက်ပွားကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းပြန်လည်ဆန်းစစ်ခြင်းအခမ်းအနား။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် နှင့် ဇန်နဝါရီလ ၂၀ ရက်။
 

 

 

 

 


မုံရွာနှင့်မိတ္ထီလာမြို့များတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (MYA-15/A2) HIV/AIDS မျိုးဆက်ပွားကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းပြန်လည်ဆန်းစစ်ခြင်းအခမ်းအနားများတွင် အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များတက်ရောက်ခြင်း၊ ထိုမြို့များရှိ သားဖွားခန်းများ၊ မူကြိုကျောင်းများနှင့် မိတ္ထီလာဘိုးဘွားရိပ်သာသို့သွားရောက်ကြည့်ရှုလှူဒါန်းထောက်ပံ့ခြင်းမှတ်တမ်းဓာတ်ပုံများ။
 

 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့သို့  (၁၉-၁-၂၀၁၇)မှ(၂၀-၁-၂၀၁၇)ရက်နေ့ထိ
ကွင်းဆင်းဆောင်ရွက်ခြင်း

 မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူးနှင့်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး မိတ္တိီလာမြို့နှင့်စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့မှ(၂၀)ရက်နေ့တွင်သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များသည်မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်သို့သွားရောက်၍ ပေါက်ချောင်းရပ်ကွက်၊မိခင်ကလေးမူကြို ကျောင်း၊ပြည်သာယာမြောက်ရပ်ကွက် သားဖွားခန်းနှင့်ဝန်ဇင်းရပ်ကွက် ဘိုးဘွားရိပ်သာသို့သွားရောက် လှူဒါန်းခဲ့ပါသည်။
                 အလားတူပင်(၂၀၁၂၀၁၇)ရက်နေ့နံနက်(၉းဝ၀)နာရီတွင်မုံရွာမြို့စစ်ကိုင်းတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံးသင်တန်းခန်းမတွင်  မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့်IPPF တို့ပူးပေါင်းဆောင်ရွက်သည့် (MYA/15/A2) HIV/AIDS မျိုးဆက်ပွား ကျန်းမာရေးမြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းဆန်းစစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ ၊IPPF Project မှ အမှုဆောင်ညွန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များ၊တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊တိုင်းဒေသကြီးခုခံကျ/ကာလ သားတိုက် ဖျက်ရေးဌာနမှ ဆရာဝန်ကြီး၊ခရိုင်၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္က၏နှင့်အဖွဲ့ဝင် များ စီမံချက်ဆောင်ရွက်သူများ စုစုပေါင်း အင်အား(၈၀)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အသင်းအတွင်းရေးမှူးမှ မိတ်ဆက်စကားပြောကြားပြီး တိုင်းဥက္ကဋ္ဌမှအဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ IPPF Project ဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုမော်ကစီမံချက်လုပ်ငန်းဆောင်ရွက်ချက်အကြောင်းရှင်းလင်းတင်ပြခြင်း၊စီမံချက်လုပ်ငန်းဆောင်ရွက်သူများမှလုပ်ငန်း ဆောင်ရွက်ချက်အားနည်းချက်၊အားသာချက်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

 ထို့နောက် အသင်းအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များသည် အသင်းပိုင် အလုံမူကြိုကျောင်းသို့ ကလေးများအား အာဟာရကျွေးမွေးရန်အလှူငွေ(၁၅၀ဝ၀ဝိ/)(တစ်သိန်းငါးသောင်တိတိ) ၊မူကြိုဆရာမ အတွက် မိခင်ကလေးဝတ်စုံ(၂)စုံ၊ ကလေးများအတွက် ပုံဆွဲစာအုပ်(၃)မျိုး (၁၅)ဒါဇင်၊အသင်းပိုင် အလုံသားဖွားခန်း သွားဖွားဆရာမဝတ်စုံ (၂)စုံ၊လုံချည်များ ၊ပိတ်စများကလေး အင်္ကျီများနှင့်မုံရွာမြို့ အသင်းပိုင်မူကြို ကျောင်းသို့အလှူငွေကျပ် (၁)သိန်း၊ပုံဆွဲစာအုပ်(၃)မျိုး၊(၉)ဒါဇင်၊ECCD Kit (1)ပုံး၊ မိခင်ကလေး ဝတ်စုံ(၁) စုံ၊ First  Aid Kit (1)ခုနှင့်အသင်းပိုင်သားဖွားခန်းသို့ သားဖွားဆရာမဝတ်စုံ (၂)စုံ၊ပိတ်စများ၊ကလေး အင်္ကျီများ၊ First Aid Kit (1) ခုတို့ကို  လှူဒါန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။