မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။


                             မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူးအဖွဲ့၊နေပြည်တော် ကုတင် (၃၀၀)အငြိမ်းစားဆေးရုံမှမျက်စိအထူးကုဆရာဝန်ကြီးများ၊နေပြည်တော်ကုတင်    (၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှသွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးအဖွဲ့၊ ပုဗ္ဗသီရိမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမေတ္တာစမ်းရေဆေး ခန်းမှ  တာဝန်ခံဆရာဝန်ကြီးနှင့်လက်ထောက်ဆရာဝန်များလိုက်ပါလျက်၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၂၆) ရက်နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊၀ဲကြီးကျေးရွာသို့သွားရောက်ကာရွေ့လျားကျန်းမာရေးဆေးခန်း ကို ဆောင်ရွက်ခဲ့ ပါသည်။
             ပထမဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးဒေါ်တင်တင်ဝင်း မှ အမှာစကားပြောကြားပြီး၊လက်ထောက်ဆရာဝန်ဒေါက်တာအိအိမောင်မှ နာတာရှည်ရောဂါများဖြစ် သော နှလုံး၊သွေးတိုး၊ဆီးချိုရောဂါ များအကြောင်းကိုလည်းကောင်း၊ ဒေါက်တာသက်နိုင်ဦးမှ“ Zika’’    ရောဂါအကြောင်းကိုလည်းကောင်း၊IPPF စီမံချက် ED ဒေါက်တာကိုကိုမော်မှ ကိုယ်ဝန်ဆောင် မိခင်များကို သွားကျန်းမာရေးအကြောင်းကိုလည်းကောင်း၊ ဒေါက်တာစမ်းစမ်းလှိုင်မှ  “ရွေ့လျားကျန်းမာရေးဆေး ခန်းဖွင့်လှစ်ရခြင်းနှင့်ကိုယ်ဝန်ဆောင်စနစ်တကျစောင့်ရှောက်မှုခံယူရန် အရေးပါမှု၊ ကျွမ်းကျင်သူများဖြင့် မွေးဖွားရန်’’ အကြောင်းကိုလည်းကောင်း၊ဟောပြောခဲ့ပါသည်။ ဆက်လက်၍ အသက်(၂၄)နှစ်အောက် လူငယ်များကို ဒေါက်တာအိအိမောင်မှ  ပျိုရွယ်သူကျန်းမာရေး အသိပညာပေးခြင်းကိုလည်းကောင်း၊ “လူကုန်ကူးခြင်း ဆိုင်ရာသိကောင်းစရာများ ’’ အကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများမှ အသီးသီးကျန်းမာ ရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။  ဟောပြောပွဲတွင် သက်ကြီးဘိုးဘွားများ ကိုယ်ဝန်ဆောင်များ၊ လူငယ်များအပါအ၀င်ကျေးရွာရပ်ကွက်မှတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ ထို့နောက်အဘိုးအဘွား များကို အားဆေးနှင့်အဟာရဖြစ်စေသော အစားအစာများကိုလည်းကောင်း၊
ကိုယ်ဝန်ဆောင်မိခင်များကိုတစ်ခါသုံးမွေးအိတ်၊အိုင်အိုဒင်းဆားနှင့်ဆပ်ပြာများကိုလည်းကောင်း၊ကျေးရွာစာကြည့် တိုက်အတွက်မေတ္တာစမ်းရေမဂ္ဂဇင်းများကိုလည်းကောင်းလှူဒါန်းခဲ့ပါသည်။   ဒုတိယပိုင်းတွင် ကျန်းမာရေး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ  ကိုယ်ဝန်ဆောင် (၂၅) ဦး၊ သက်ကြီး ဘိုးဘွား (၁၃၄)ဦး၊ မျက်စိ လူနာ(၆၇)ဦး၊ သွား နှင့်ခံတွင်းလူနာ(၉)ဦး နှင့်အထွေထွေလူနာ (၁၂၉)ဦး စုစုပေါင်း  (၃၆၄)ဦး တို့ကိုကြည့်ရှု့စစ်ဆေးကုသပေးခဲ့ပြီးညွှန်းပို့ရန်လိုအပ်သော လူနာများကိုနီးစပ်ရာကျန်းမာရေးဌာနသို့ညွှန်းပို့ခြင်းနှင့်ချို့တဲ့လူနာ များကိုထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိ ပါသည်။