မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော “အခြေခံအရေးပေါ်သားဖွားပြုစု စောင့်ရှောက်ခြင်းနှင့်မွေးကင်းစကလေးစောင့်ရှောက်ခြင်း (BEmONC)” သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်။

           

  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော  “ အခြေခံအရေးပေါ်သားဖွားပြုစု စောင့်ရှောက်ခြင်းနှင့်မွေးကင်းစကလေးစောင့် ရှောက်ခြင်း  Basic Emergency Obstectric and Newborn Care (BEmONC)” သင်တန်းဖွင့်ပွဲ အခမ်းအနားကို   ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်(၈း၃၀) နာရီတွင် နေပြည်တော်၊  ဒက္ခိဏသီရိမြို့၊သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါက်တာနုနုသာ နှင့်ဗဟိုအလုပ်အမှုဆောင်များ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊နေပြည်တော်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးပြည်နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များနှင့်ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိအသင်းပိုင်သားဖွား  ခန်းများမှ သားဖွားဆရာမများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သားဖွားဆရာမ (၂၀)ဦးတက်ရောက်ကြပြီး သင်တန်းကို ဒီဇင်ဘာ  လ (၆-၁၂-၂၀၁၆)ရက်နေ့မှ(၈-၁၂-၂၀၁၆)ရက်နေ့ထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်းသိရှိရပါသည်။ အဆိုပါသင်တန်းကို ပြည်နယ်တိုင်းဒေသကြီးအသင်းပိုင် သားဖွားခန်း အားလုံးမှ သားဖွားဆရာမစုစုပေါင်း (၁၂၀)ဦးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ရာ တစ်ကြိမ်လျှင် သင်တန်းသား (၂၀)နှုန်းဖြင့် (၆)ကြိမ် ဆက်တိုက်ဖွင့်လှစ်မည်ဖြစ်ပြီး တလခြားပြီးလျှင် ဒုတိယ သင်တန်းအဖြစ်  (၆)ကြိမ် (၃)ရက်သင်တန်း ထပ်မံဖွင့်လှစ်သွားမည်ဟုသိရှိရပါသည်။