မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၂၀၁၆ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ၂၀၁၆ခုနှစ်၊ဒီဇင်ဘာလ(၃)ရက်နေ့

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၂၀၁၆ခုနှစ်၊  ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား
၂၀၁၆ခုနှစ်၊ဒီဇင်ဘာလ(၃)ရက်နေ့

 
         မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏၂၀၁၆ခုနှစ်၊ကမ္ဘာ့ခုခံအားကျဆင်းမှုကူး  စက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၆ခုနှစ်၊ဒီဇင်ဘာလ(၃)ရက်နေ့ နံနက် (၉း၀၀) နာရီတွင် နေပြည်တော်၊ဒက္ခိဏသီရိမြို့၊သုခုမလမ်းရှိမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်  ရေးအသင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         အခမ်းအနားသို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးများသူငယ်များဘ၀မြှင့်တင်ရေးအသင်းနှင့်
မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ  တာဝန်ရှိသူများ၊ခုခံအားကျဆင်းမှုကူးစက်ရောဂါကာကွယ်တား
ဆီးရေးနှင့်တိုက်ဖျက်ရေးဗဟိုအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊    ကုလသမဂ္ဂလက်အောက်ခံအဖွဲ့
အစည်းများမှဌာနေကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပလူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ် များ၊နေပြည်တော်ပြည်ထောင်စုနယ်မြေ(၈)မြို့နယ်မှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများနှင့်အခြားဖိတ်ကြား ထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

         အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေး နှင့်စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးမှ အဖွင့်အမှာစကား ပြောကြား ရာတွင် နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day)လှုပ်ရှားမှုအခမ်းနားကို ကမ္ဘာ့တစ်ဝှမ်းလုံးမှာ ကျင်းပကြပြီး ကျင်းပရသည့်ရည်ရွယ်ချက်မှာ ခုခံအားကျဆင်းမှုကူးစက်ရောဂါကြောင့် သေဆုံးသူများကိုအမှတ်ရစေရန်ဖြစ်ကြောင်း၊HIV/AIDS ရောဂါကာကွယ်ရေး၊ကုသရေးနဲ့ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနရဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့်အခြား နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနု ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အိပ်ခ်ျအိုင်ဗွီပိုးကူး စက်ခံရသူများ၊မိသားစုများ အပါအ၀င် စေတနာ့ဝန်ထမ်းများနဲ့ ပြည်သူလူထုတစ်ရပ်လုံးက ထက်သန်တဲ့ဆန္ဒများ၊ နိုးကြားတက်ကြွတဲ့ စိတ်ဓါတ်များနဲ့ ထိရောက်စွာပူးပေါင်းပါဝင်ဆောင် ရွက်ကြစေရန် နှိုးဆော်တဲ့အနေဖြင့် ကျင်းပခြင်း ဖြစ်ပါကြောင်း အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ရန် အန္တရာယ်များသော ဦးတည်အုပ်စုများဖြစ်တဲ့ မူးယစ်ဆေး အကြောထဲထိုးသွင်း သူများ၊အမျိုးသမီးလိင် လုပ်သားများနှင့်အမျိုးသားချင်းလိင်တူဆက်ဆံသူများ တွင် အဖြစ်များကာ နေရာဒေသအားဖြင့် ရန်ကုန်၊ မန္တလေး ၊ မြစ်ကြီးနား၊ ဖားကန့် စသည်မြို့များနှင့် မြန်မာ-ထိုင်းနယ်စပ်ထွက်ပေါက်မြို့များတွင် ဖြစ်ပွားမှုနှုန်းအမြင့်မားဆုံးဖြစ်ကြောင်း၊ အိပ်ခ်ျအိုင်ဗွီကူး စက်ဖြစ်ပွားမှုအခြေအနေကိုစောင့်ကြပ်ကြည့်ရှုခြင်းစစ်တမ်းများအရ တွေ့ရှိရပါတယ်။ (HIV/AIDS) ရောဂါတိုက်ဖျက်ရေးလုပ်ငန်းးကို အမျိုးသားရေးအသွင်ဖြင့် အားလုံးကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေကြတာ အားလုံးအသိပဲဖြစ်ကြောင်း မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ ၂၀၁၅ ခုနှစ်အတွင်းမေတ္တာစမ်းရေဆေးခန်းတွင် ကိုယ်ဝန်ဆောင် (၁၈၆၂)ဦးနှင့် ခင်ပွန်း အမျိုးသား (၇၀၄)ဦးတို့ကို သွေးစစ်ဆေးပေးနိုင်ခဲ့ပြီး ပိုးတွေ့ကိုယ်ဝန်ဆောင်(၃)ဦးအား ကျန်းမာရေး ဌာနသို့ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း တွေ့ရှိရကြောင်း ယနေ့ကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ အထူးမှာကြားလိုတာကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့်မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ခုခံအားကျ ဆင်းမှုကူးစက်ရောဂါဆိုင်ရာ အဓိကရည်မှန်းချက်များဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်မှု အသစ်မရှိစေရေး၊ရောဂါပိုးရှိသူများ၊ ဝေဒနာ ရှင်များအား ခွဲခြားနှိမ့်ချမှုကင်းစင်ရေး၊လိုအပ်သော ဆေးကုသမှုပြုစုကုသစောင့်ရှောက်မှုများ လက်လှမ်းမီရရှိကာ သေဆုံးမှုများ လျှော့ချရေးစတဲ့ရည်မှန်းချက်များ ပြည့်မှီပြီး အိပ်ခ်ျအိုင်ဗွီပိုးကူး စက်မှုကင်းဝေတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွက်လာနိုင်ဖို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအနေနဲ့ ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ပါကြောင်းပြောကြားရင်း နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ပါသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသော ဧည့်သည်တော်များမှ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ လှုပ်ရှားမှုပြခန်းအား ကြည့်ရှုခဲ့ကြပါသည်။
                         ဒုတိယပိုင်းအနေဖြင့် နေ့လည်မွန်းလွဲ(၂)နာရီမှ(၄)နာရီအထိ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွင်းရေးမှူး ဒေါ်တင်တင်ဝင်းနှင့်ဗဟိုအလုပ်အမှုဆောင်များသည် ဇေယျာသီရိမြို့နယ်၊ရေဆင်းကျေးရွာတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါကာကွယ်တားဆီးရေး စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အမျိုးသားခုခံကျကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်၊ရေဆင်းကျေးရွာမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းအသင်းဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ခင်ပွန်းများ၊ ဆယ်ကျော်သက် လူငယ် လူရွယ်များ၊ အရွယ်ရောက်ပြီး အမျိုးသား၊ အမျိုးသမီးများ နှင့်ဖိတ်ကြားထား သူများ တက်ရောက် ပါဝင်ဆွေးနွေးခဲ့၍ ကိုယ်ဝန်ဆောင်မိခင်များအားလည်း တစ်ခါသုံးမွေးအိတ်နှင့် အနှီးပိတ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။