၂၀၁၈ခုနှစ်၊ ဖေဖော်၀န်ရီလ (၂၄) ရက် နေ့တွင် နေပြည်တော်၊ လယေ်၀းမြို့နယ်၊ မဒေါ့ပင်ကျေးရွာသို့ သွားရောက်ကာ ရွေ့လျား ကျန်းမာရေးဆေးခန်းကို ဖွင့်လှစ် ဆောင်ရွက်ခြင်း။

၂၀၁၈ခုနှစ်၊ ဖေဖော်၀န်ရီလ (၂၄) ရက်။
 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီး
ဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကြ ပါမောက်ခဒေါက်တာ စန်းစန်းမြင့် အောင်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်သန်းသန်းစိန်နှင့် အသင်းမှ တာ၀န်ရှိသူများ၊ နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာ အထူးကုဆရာ၀န်အဖွဲ့၊ ပျဉျးမနား ကုတင် (၂၀၀) ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာ၀န်အဖွဲ့၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး နှင့် ဆရာ၀န်များ၊ နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက်ကြ၊ အတွင်းရေးမှူးနှင့်အဖွဲ့၀င်များ၊ လယေ်၀းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး နှင့်အဖွဲ့၀င်များ ၊မြန်မာနိုင်ငံမိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ်တာစမ်းရေဆေးခန်းမှ တာ၀န်ခံဆရာ၀န်ကြီး ဒေါက်တာစမ်းစမ်းလှိုင် နှင့်လက်ထောက်ဆရာ၀န်များလိုက်ပါလျက် ၂၀၁၈ခုနှစ်၊ ဖေဖော်၀န်ရီလ (၂၄) ရက် နေ့တွင် နေပြည်တော်၊ လယေ်၀းမြို့နယ်၊ မဒေါ့ပင်ကျေးရွာသို့ သွားရောက်ကာ ရွေ့လျား ကျန်းမာရေးဆေးခန်းကို ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါသည်။
    ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကပြါမောက်ခ ဒေါက်တာ စန်းစန်းမြင့်အောင်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အသက် (၂၄)နှစ် အောက် လူငယ်များအား မြန်မာနိုင်ငံမိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက်ဆရာ၀န် ဒေါက်တာဇေယျာမိုးက ပျိုရွယ်သူမျိုးဆက်ပွားကျန်းမာရေးအကြောင်းကို လည်းကောင်း၊ ဆက်သွယ် ရေးအရာရှိ ဒေါ်အေးသီရိမြတ်က ကျား/မရေးရာအခြေခံသဘောတရားများအကြောင်းကို လည်း ကောင်း၊ ပြည်ထဲရေး၀န်ကြီးဌာနမှ  ကလေးသူငယ်တပ်ဖွဲ့စုမှူး ဒုရဲမှူး ဒေါ်သူဇာလွင်က “လူကုန်ကူးခြင်းဆိုင်ရာသိကောင်းစရာများ’’ အကြောင်းကို  လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပါသည်။
ဆက်လက်၍  အဘိုးအဘွားများကို  အားဆေးနှင့် အာဟာရဖြစ်စေမည့်အစားအစာများကို လည်းကောင်း၊ ကိုယ်၀န်ဆောင်မိခင်များကိုကလေးအကျႌ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆားနှင့် ဆပ်ပြာများ ကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ်တာစမ်းရေမဂ်ဂဇင်းများကိုလည်းကောင်း လှူဒါန်း ခဲ့ပါသည်။
အဆိုပါ ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့် သက်ကြီးဘိုးဘွားများ၊ ကိုယ်၀န်ဆောင်များ၊ လူငယ်များနှင့် လာရောက်ပြသသောလူနာများ အပါအ၀င်ကျေးရွာရပ်ကွက်မှ တာ၀န်ရှိသူများ  တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းများကို   ဆက်လက်ဆောင်ရွက်ခဲ့ရာ    ကိုယ်၀န်ဆောင် (၂၄) ဦး၊ သက်ကြီးဘိုးဘွား (၆၈)ဦး၊ မျက်စိလူနာ (၆၀) ဦး၊ သွားနှင့်ခံတွင်း လူနာ (၁၁)ဦး နှင့် အထွေထွေလူနာ (၂၈၇) ဦးစုစုပေါင်း ( ၄၅၀ ) ကို   ကြည့်ရှု့စစ်ဆေးကုသပေးခဲ့ပြီး ညှှန်းပို့ရန်လိုအပ်သောလူနာ (၆) ဦးကို နီးစပ်ရာကျန်းမာရေးဌာနသို့ ညှှန်းပို့ခြင်း စသည်ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။