၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် နေပြည်တော်၊ ဥတ်တရသီရိမြို့နယ်၊ ကၽွဲရှင်းကျေးရွာ၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင် ့ကျန်းမာရေးနှင့်အားကစား၀န်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျား ကျန်းမာရေးဆေးခန်း

၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၁) ရက်နေ့


၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် နေပြည်တော်၊
ဥတ်တရသီရိမြို့နယ်၊ ကၽွဲရှင်းကျေးရွာ၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင် ့ကျန်းမာရေးနှင့်အားကစား၀န်ကြီး
ဌာနတို့ ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျား ကျန်းမာရေးဆေးခန်းဖွင့်လှစ်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကပြါမောက်ခဒေါက်တာစန်းစန်းမြင့်အောင်၊ဒုတိယဥက်ကဌ(၁) ပါမောက်ခဒေါက်တာမာလာ၀င်း၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း တို့သည် အသင်းမှတာ၀န်ရှိသူများ၊ နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာ အထူးကုဆရာ၀န်အဖွဲ့၊ ပျဉျးမနားကုတင် (၂၀၀) ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာ၀န်များ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူးနှင့်ဆရာ၀န်များ၊ နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အတွင်းရေးမှူး နှင့်အဖွဲ့၀င်များ၊ ဥတ်တရသီရိခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့၀င်များ၊၊ မြို့နယ် မိခင်နှင့်ကလေး ဥက်ကနြှင့် အဖွဲ့၀င်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း မေတ်တာစမ်းရေဆေးခန်းမှ တာ၀န်ခံဆရာ၀န်ကြီး ဒေါက်တာစမ်းစမ်းလှိုင်၊ လက်ထောက် ဆရာ၀န်များနှင့် အဖွဲ့ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဇန်န ၀ါရီလ (၂၁) ရက်နေ့တွင် နေပြည်တော်၊ ဥတ်တရသီရိမြို့နယ်၊ ကၽွဲရှင်းကျေးရွာ သို့သွားရောက်ကာ ရွေ့လျား ကျန်းမာရေး ဆေးခန်းကို ဆောင်ရွက်ခဲ့ ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကပြါမောက်ခဒေါက်တာစန်းစန်း မြင့်အောင်က အမှာစကားပြောကြားပြီး၊ လက်ထောက်ဆရာ၀န်ဒေါက်တာသက်နိုင်ဦးက မကူးစက်နိုင် သော ရောဂါ (သွေးတိုးရောဂါ) အကြောင်းကိုလည်းကောင်း ၊ အသက်(၂၄)နှစ်အောက်လူငယ်များကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ဒုရဲမှူး ဒေါ်သူဇာလွင်နှင့် ဒုရဲအုပ် ဦးကျော်လင်းထွန်းတို့က “လူကုန်ကူးခြင်း ဆိုင်ရာ သိကောင်းစရာများ“ အကြောင်းကို လည်းကောင်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာအိအိမောင်က ပျိုရွယ်သူကျန်းမာရေး အသိပညာပေးခြင်းကို လည်းကောင်း၊ မြန်မာနိုင်ငံမိခင် နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ ဆက်သွယ်ရေးအရာရှိ ဒေါ်အေးသီရိမြတ်က ကျား/မရေးရာ အခြေခံသဘောတရားများကို လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပါသည်။
ဆက်လက်၍ အဘိုးအဘွားများကို အားဆေးနှင့်အာဟာရဖြစ်စေသောအစားအစာများကိုလည်း
ကောင်း၊ကိုယ်၀န်ဆောင်မိခင်များကိုကိုယ်၀န်ဆောင်အားဆေး၊ကလေးအကျႌ၊အနှီးပိတ်၊အိုင်အိုဒင်းဆားနှင့်ဆပ်ပြာများကိုလည်းကောင်း၊ကျေးရွာစာကြည့်တိုက်အတွက်မေတ်တာစမ်းရေမဂ်ဂဇင်းများကိုလည်းကောင်းလှူဒါန်းခဲ့ပါသည်။
အဆိုပါ ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့် သက်ကြီးဘိုးဘွားများ၊ကိုယ်၀န် ဆောင်များ၊လူငယ်များနှင့် လာရောက်ပြသသောလူနာများ အပါအ၀င်ကျေးရွာရပ်ကွက်မှတာ၀န်ရှိသူများ တက်ရောက်ခဲ့ ပါသည်။
ကျန်းမာရေးစစ်ဆေးခြင်းများကိုလည်းဆက်လက်ဆောင်ရွက်ခဲ့ရာကိုယ်၀န်ဆောင် ( ၁၈ )ဦး၊ သက်ကြီးဘိုးဘွား ( ၆၅ )ဦး၊ မျက်စိ လူနာ( ၄၃ )ဦး၊ သွားနှင့်ခံတွင်းလူနာ ( ၉ )ဦး နှင့် အထွေထွေလူနာ ( ၉၄ )ဦး စုစုပေါင်း ( ၂၂၉ )ဦး တို့ကို ကြည့်ရှု့စစ်ဆေး ကုသပေးခဲ့ပြီး ညှှန်းပို့ရန်လိုအပ်သောလူနာများကို နီးစပ်ရာ ကျန်းမာရေးဌာနသို့ညှှန်းပို့ခြင်းနှင့် ချို့တဲ့လူနာများကို ထောက်ပံ့ခြင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။