Basic Life Support and Helping a Choking Child Training Course သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန် များအကူအညီဖြင့် “Basic Life Support and Helping a Choking Child Training Course”သင်တန်းဖွင့်ပွဲအခမ်းအနားကို၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်(၈:၃၀)နာရီတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဌ(၁) ပါမောက္ခ ဒေါက်တာမာလာဝင်း၊ ဘဏ္ဍာ ရေးမှူးဒေါက်တာလဲ့လဲ့ရီ၊တွဲဘက်အတွင်းရေးမှူး(၂) ဒေါက်တာချစ်ကိုတင်နှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါ်သန်းသန်းစိန်၊ကလေးအထူးကုဆရာဝန်များ၊ သင်တန်းသူ၊ သင်တန်းသားများနှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ပါသည်။ ရှေးဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်ကလေး အထူးကုဆရာဝန်များမှ “အရေးပေါ်အသက်ကယ်ခြင်း”နှင့်ပတ်သက်၍ စာတွေ့၊ လက်တွေ့ ပြုလုပ်နည်းများဖြင့် သင်ကြားပို့ချပေးကြပါသည်။ နေ့လည်ပိုင်းတွင်သင်ခန်းစာများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခြင်းနှင့် အုပ်စု လိုက်လက်တွေ့သရုပ်ပြခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ အသင်း ဗဟိုမှ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ မူကြိုဆရာမများ၊ ရုံးအဖွဲ့များနှင့် နေပြည်တော် အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ မိခင်နှင့်ကလေးစောင်စောင့်ရှောက်ရေး အသင်း သားဖွားခန်းမှ သူနာပြုများ၊ မူကြိုဆရာမများ၊အဖွဲ့၀င်များ စုစုပေါင်း သင်တန်းသူ၊သင်တန်းသား (၂၆) ဦးတက်ရောက်ခဲ့ကြပါသည်။