News

     မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏(၂၆)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး အစည်းအဝေးခန်းမ၌ ၂၀၁၆ခုနှစ်၊ မေလ(၁၁)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီးအခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကများ၊ ဗဟိုကောင်စီဝင်များ၊ အထူးဖိတ်ကြားထားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ  ၀န်ကြီးချုပ်များ၏ဇနီးများ၊ ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့မှ နာယက၊ ဥက္ကဌ၊ အတွင်းရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂိုလ်များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။  
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၆)ကြိမ်မြောက်နှစ်ပတ်လည် ဂုဏ်ပြုအလှူငွေပေးအပ်ပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ဧပြီလ (၂၇)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ   မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ဇေယျာသီရိ မြို့နယ်ရှိ အင်းသာဘုန်းကြီးကျောင်းနှင့်အမက(အင်းသာ)စာသင်ကျောင်းပြင်ဆင်ရန်အတွက်၂၀၁၆ခုနှစ်၊ မတ်လ (၂၂)ရက် နံနက်(၁၀:၀၀)နာရီတွင် အင်းသားဘုန်းတော်ကြီးကျောင်းတွင် အလှူငွေပေးအပ်ပွဲ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ၊ ဒု

Pages