Data Training for Volunteers သင်တန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HIMNCH Project မှ Data Training for Volunteers သင်တန်းကို (၁၃-၁၂-၂၀၂၅)ရက်နေ့တွင်  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး (ဗဟို)၏ သင်တန်းခန်းမတွင်  ဆောင်ရွက်ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်  မှ အဖွင့်အမှာစကားပြောကြားရာတွင် စီမံချက်လုပ်ငန်းဖြစ်သည့်အတွက် ဒေတာများ စာရင်းဇယားများကို စနစ်တကျဖြည့်သွင်းကြရန် နှင့် အသင်းကြီး၏ လုပ်ငန်းများကိုလည်း ကြိုးကြိုးစားစား ဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ရုံးအဖွဲ့ နှင့် မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတို့ က သင်တန်းပို့ချပေးခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို နေပြည်တော်နယ်မြေ၊  ပျဉ်းမနားမြို့နယ် မှ အသင်းဝင်စေတနာ့ဝန်ထမ်း (၃၁)ဦးတို့က သင်တန်းတက်ရောက်ခဲ့ကြပါသည်။