
“မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ မှ ရွှေပြည်သာမြို့နယ်အသင်းပိုင် သားဖွားခန်းသို့သွားကြည့်ရှုရောက်ခြင်း”
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်း တို့သည် (၂၀-၅-၂၀၂၆) ရက်နေ့တွင် မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်သားဖွားခန်းသို့ သွားရောက်၍ သားဖွားခန်း ဖွင့်လှစ်ထားရှိမှုအခြေအနေများ နှင့် မွေးခန်း၊ လူနာနေခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်း တို့မှ သားဖွားခန်းတွင် အသုံးပြုနိုင်ရန်အတွက် Oxygen Concentrator စက်(၁)လုံး ကို ထောက်ပံ့ပေးအပ်ခဲ့ရာ မင်္ဂလာဒုံခရိုင် မိင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ရွှေပြည်သာမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ တို့မှ လက်ခံခဲ့ကြပါသည်။
