စီးပွားရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ချက်များ
(၁) အသက်မွေးဝမ်းကျောင်းပညာသင်တန်းများဖွင့်လှစ်ခြင်း
(၂) အသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ခြင်း
(၃) အိမ်ထောင်စုအလိုက် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရန် ထောက်ပံ့ကူညီခြင်း
(၄) အိမ်တွင်းအသေးစားလက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်ထောက်ပံ့ကူညီပေးခြင်း
အသက်မွေးဝမ်းကျောင်းပညာသင်တန်းများဖွင့်လှစ်ခြင်း
- 
အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း၊ 
- 
အခြေခံသိုးမွှေးစက်ထိုးသင်တန်း၊ 
- 
မုန့်ဖုတ်နှင့် မုန့်လုပ်သင်တန်းများ၊ 
- 
သစ်သီးအလှပုံဖော်သင်တန်းနှင့် ပန်းအလှပြင်သင်တန်း နှင့် 
- 
ဒေသအလိုက်သင့်လျော်သောဇာပန်းထိုး၊ ခြင်းယက်နှင့် ယက္ကန်းစသည့် သင်တန်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ 
အသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ခြင်း
၂ဝ၁၄ခုနှစ်အတွက် အမျိုးသမီးပေါင်း( ၉၈ဝ၉ )ဦးကို ရင်းနှီးမတည်ငွေ ထုတ်ပေးနိုင်ခဲ့ပြီး စုစုပေါင်း ထုတ်ချေးငွေ ကျပ်( ၃၆၂၅) သိန်းကျော် ဖြစ်ပါသည်။
၂ဝ၁၄ခုနှစ်အတွင်းအိမ်ထောင်စုအလိုက် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရန် ထောက်ပံ့ကူညီခြင်း
| ဦးရေ | ထောက်ပံ့ငွေ | |
|---|---|---|
| စိုက်ပျိုးရေး | ၂၂၇၁ | ၈၉၁ သိန်းကျော် | 
| မွေးမြူရေး | ၂ဝ၆၇ | ၈ဝ၉ သိန်းကျော် | 
| အိမ်တွင်းအသေးစား လက်မှုလုပ်ငန်း | ၂၅၂၉ | ၉၃၂ သိန်းကျော် | 
| အခြား | ၂၉၄၂ | ၉၉၂ သိန်းကျော် | 
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဗဟိုမှနေပြည်တော်ရှိမြို့နယ်၆ခုသို့ အပ်ချုပ်စက်များထောက်ပံ့စဉ်
