မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းကိုနေပြည်တော်၊ပျဉ်းမနားမြို့နယ်၊အလျင်လိုကျေးရွာတွင်ဆောင်ရွက်ခြင်း။

၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းစိန်တို့ဦးဆောင်၍ အသင်းမှ တာဝန်ရှိသူများ၊ ပျဉ်းမနားကုတင်(၂၀၀)ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံမှ သွားဘက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက်ဆရာဝန်များနှင့် IPPF စီမံချက်ဌာနမှ Sprint Programme Officer ဒေါက်တာဝေလင်းကြည်တို့ လိုက်ပါလျက်၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်နေ့တွင် နေပြည်တော်၊ပျဉ်းမနားမြို့နယ်၊ အလျင်လိုကျေးရွာသို့သွားရောက်ကာ ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက် ခဲ့ပါသည်။
          ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဘိုးအဘွား (၂၆)ဦးကို အားဆေးနှင့်အာဟာရဖြစ်စေမည့်အစားအစာများကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၇)ဦးကို ကလေးအင်္ကျီ၊ အနှီးပိတ်၊အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့်သွားတိုက်တံများကိုလည်းကောင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။
          ဆက်လက်၍ လက်ထောက်ဆရာဝန် ဒေါက်တာခိုင်နွယ်ဟန်မှ ဆီးချိုရောဂါအကြောင်းကို လည်းကောင်း၊အသက်(၂၄)နှစ်အောက်လူငယ်များအား “သက်ငယ်မုဒိမ်းမှု ကာကွယ်ရေးဆိုင်ရာနှင့် လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း”ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူးဒေါ်သူဇာလွင်ကလည်းကောင်း၊ မေတ္တာစမ်းရေဆေးခန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာခင်ဝါဝါလှိုင်မှ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းအ ကြောင်းကိုလည်းကောင်း၊ Sprint Programme Officer ဒေါက်တာဝေလင်းကြည်က ပျိုရွယ်သူမျိုးဆက်ပွားကျန်းမာရေးအသိပညာပေးခြင်းအကြောင်းကိုလည်းကောင်းအသီးသီးအသိပညာပေးဟောပြောခဲ့ကြပါသည်။
          အဆိုပါ ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီးဘိုးဘွား များ၊ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့် လာရောက်ပြသသော လူနာများအပါအဝင် ကျေးရွာ၊ရပ်ကွက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင်(၇)ဦး၊ မျက်စိလူနာ (၅၂)ဦး၊ သွားနှင့်ခံတွင်း လူနာ(၃၅)ဦးနှင့် အထွထွေလူနာ(၇၄)ဦးစုစုပေါင်း(၁၆၈)ဦးတို့ကို ကြည့်ရှုစစ်ဆေး ကုသဆောင်ရွက်ပေးနိုင်ခဲ့ပါ သည်။