ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်မှ ဆရာတော် နှင့် သံဃာတော်အရှင်မြတ်တို့ ကြွရောက်တော်မူကြပါသည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီးနောက် ပေါက်မြိုင် ကျောင်း တိုက်အုပ်ဆရာတော်မှ ကထိန်သင်္ကန်ဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုး ကျေးဇူးများ ကိုဟောကြားခဲ့ပါသည်။ ထို့နောက်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်နှင့်သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရား တော်များ နာယူခဲ့ကြပါသည်။ထို့နောက် အသင်း(ဗဟို)ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆရာတော်နှင့် သံဃာတော်အရှင်မြတ်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်မှ သာဓုအနုမောဒနာ တရားဟောကြားခဲ့ပါသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် အခမ်းအနားကို ဗုဒ္ဂသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပါသည်။