ကရင်ပြည်နယ်ဘားအံမြို့ အိန္ဒုကျေးရွာ အသင်းပိုင်မူလတန်းကြိုကျောင်းဖွင့်လှစ်ခြင်း

၂၀၁၆ ခုနှစ်၊ဒီဇင်ဘာလ(၇)ရက်နေ့ မှ (၉) ရက်နေ့အထိ။


 မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှဥက္ကဋ္ဌဒေါက်တာနုနုသာနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်သို့၂၀၁၆ခုနှစ်၊ဒီဇင်ဘာလ(၇)ရက်နေ့မှ(၉)ရက်နေ့အထိကွင်းဆင်း
ဆောင်ရွက်ခဲ့ပါသည်။ (၈-၁၂-၂၀၁၆)နေ့တွင် Japanese GGA ၏ ပံ့ပိုးကူညီမှုဖြင့် ဆောက်လုပ်ခဲ့သော ကရင်ပြည်နယ် ဘားအံမြို့နယ် အိန္ဒုကျေးရွာရှိမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်မေတ္တာစိမ့်စမ်းမူလတန်းကြို
 ကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲသို့တက်ရောက်ဖွင့်လှစ်အမှာစကားပြောကြားခဲ့ပြီး ကျောင်းဝတ် စုံECCD kit၊အာဟာရကျွေးမွေးရန်ထောက်ပံ့ကြေးနှင့်ရှေးဦးသူနာပြုအိတ်များကိုထောက်ပံ့ပေးခဲ့ပါသည်။  အလားတူပင် မြိုင်ကလေး ဘိလပ်မြေစက်ရုံမူကြို၊ဘားအံမြို့နယ်အသင်းရုံးရှိ မူကြိုများသို့လည်းကောင်း၊ မွန်ပြည်နယ် သံဖြူဇရပ် ကရုပ္ပိသားဖွားခန်း၊ကရုပ္ပိမူကြို၊ကျိုက္ခမီမူကြို၊မုဒုံကောပရံသားဖွားခန်း၊မော်လမြိုင်  ဘက်စုံမူကြို နှင့် ဒေါ်ခင်ကြည်သားဖွားခန်း၊ပေါင် မိခင်ရင်သွေးရိပ်မြုံများသို့ လည်းကောင်းသွားရောက်ပြီး ဆရာမများအား အားပေးစကားပြောကြားခြင်း လမ်းညွှန်မှုများပေးခြင်း၊အဆောက်အဦများ  လှည့်လည်ကြည့်ရှု ပြီးလိုအပ်မှုများဗဟိုမှဖြည့်စွက်ဆောင်ရွက်ပေးမည်ဟုမှာကြားခဲ့ကြောင်းသိရှိရပါသည်။ထို့အပြင်  ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အမှုဆောင် အဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌများနှင့်အသီးသီး တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်း ပခဲ့ပြီး တင်ပြလာသော အခက်အခဲများကို  ကူညီဖြေရှင်းခဲ့ပါသည်။   ခရီးစဉ်တွင် သားဖွားခန်းသုံးပစ္စည်း များဖြစ်သော Baby Scale ၊ Sterilizer၊  Midwife kit  များထောက်ပံ့လှူဒါန်းခဲ့ပြီး သားဖွားဆရာ မ၀တ်စုံ (၆)စုံ၊   ကလေးအနှီးပိတ်နှင့်အင်္ကျိများ (၃၀)စုံ၊   တစ်ခါသုံးမွေးအိတ်(၃၀)၊  မူကြိုဆရာမ၀တ်စုံ (၁၅)စုံ၊    မူကြိုကျောင်းဝတ်စုံ (၃၃၂)စုံ၊ဖြည့်စွက်အာဟာရကျွေးမွေးရန် ငွေကျပ် ရှစ်သိန်း၊ ECCD Kit(2)ပုံးနှင့် First Aid kit(6)ခုတို့ကို လှူဒါန်းထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်။