ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရများထောက်ပံ့ခြင်း


၂၂_၄_၂၀၂၃ရက်နေ့တွင် ဧရာဝတီတိုင်း‌ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တိုင်းတာဝန်ခံ၊ မြို့နယ်တာဝန်ခံ၊ ရပ်ကွက်၊ကျေးရွာတာဝန်ခံတို့မှ ဝါးခယ်မမြို့နယ် ဦးကြီးတော်ကျေးရွာနှင့် အူကျွန်းကျေးရွာတို့၌လည်းကောင်း၊ မြောင်းမြမြို့နယ် အမှတ် (၁)ရပ်ကွက် အမှတ်(၇)ရပ်ကွက်နှင့် ကျုံသွပ်ကျေးရွာတို့၌ လည်းကောင်း ကိုယ်ဝန်ဆောင်များအား ကျန်းမာရေးအသိပညာပေးခြင်း အာဟာရများထောက်ပံ့ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။

Crd: ဒေါ်နီနီဟံ