ကျား/မအခြေပြု အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းနှင့် IPPF – SPRINT Project တို့ ပူးပေါင်းဆောင်ရွက်သည့် ကျား၊မ အခြေပြု အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဆိုင်ရာအသိပညာပေးဟောပြောကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် အသင်း(ဗဟို)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ IPPF – SPRINT Project မှ  Humanitarian Officer က ကျား/မအခြေပြု အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြော ဆွေးနွေးခဲ့ပါသည်။   အဆိုပါ ဟောပြောပွဲသို့ အသင်းရုံးဝန်ထမ်း(၅၇)ဦး တက်ရောက်ခဲ့ပါသည်။