ကျား၊မအခြေပြုအကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာစေတနာ့ဝန်ထမ်းသင်တန်း

၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်
          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် နိုင်ငံတကာမိသားစုစီမံကိန်း (IPPF) တို့ ပူးပေါင်းဆောင်ရွက်သည့် “ကျား၊မအခြေပြုအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာစေတနာ့ဝန်ထမ်းသင်တန်း” ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းရုံး(ဗဟို) ရှိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကိုမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဌပါမောက္ခဒေါက်တာမာလာဝင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ IPPF မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
          အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် IPPF အဖွဲ့အစည်းမှာအမှုဆောင်ညွှန်ကြားရေးမှူးဒေါက်တာမေချမ်းဦးမှ သင်တန်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး မှ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင် စေတနာ့ ဝန်ထမ်းသင်တန်းသား၊သင်တန်းသူစုစုပေါင်း (၄၀) ဦးတက်ရောက်ခဲ့ကြပါသည်။