ကျား၊မအခြေပြုအကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာစေတနာ့ဝန်ထမ်းသင်တန်း

ကျား၊မအခြေပြုအကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာစေတနာ့ဝန်ထမ်းသင်တန်း
၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်
          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် နိုင်ငံတကာမိသားစုစီမံကိန်း (IPPF) တို့ ပူးပေါင်းဆောင်ရွက်သည့် “ကျား၊မအခြေပြုအကြမ်းဖက်မှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာစေတနာ့ဝန်ထမ်းသင်တန်း”ဖွင့်ပွဲအခမ်းအနား ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၄) တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး(ဗဟို) ရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုဖွင့်လှစ်သော (၃) ရက်တာသင်တန်းကို ရန်ကုန်ဒေသကြီး (အင်းစိန်မြို့နယ်နှင့် သာကေတမြို့နယ်များ) မှ သင်တန်းသူ၊ သင်တန်းသား (၂၀)ဦး နှင့် ဧရာဝတီတိုင်းဒေသကြီး(ဟင်္သာတမြို့နယ် နှင့် မအူပင်မြို့နယ်များ) မှ သင်တန်းသူ၊ သင်တန်းသား (၂၀) ဦး စုစုပေါင်း သင်တန်းသား၊သင်တန်းသူ (၄၀) ဦး တက်ရောက်ကြပါသည်။