ကျား၊မ အခြေပြု အကြမ်းဖက်မှုများမှ ကာကွယ်စောင့်‌‌ရှောက်ခြင်းဆိုင်ရာ (မြို့နယ်အဆင့်) သင်တန်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ ဆောင်ရွက်သည့် ကျား၊မ အခြေပြု အကြမ်းဖက်မှုများမှ ကာကွယ်စောင့်‌ရေှာက်ခြင်းဆိုင်ရာ (မြို့နယ်အဆင့်) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၁၂) ရက်နေ့၊ နံနက်(၉ : ၀၀) တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း(ဗဟို)ရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေး အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် စီမံချက်တာဝန်ခံများမှ သင်တန်းပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ လည်းကူးမြို့နယ်မှ သင်တန်းသူ ( ၃၀) ဦးတက်ရောက်ခဲ့ပြီး ၎င်းသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၁၂) ရက်နေ့မှ (၁၃)ရပ်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရပါသည်။