ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး နှင့် ဝန်ထမ်းတွေ့ဆုံပွဲ

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး (၁၀ /၂၀၂၃)ကို ၁၈ - ၉ -၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေး အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးမှုများအပေါ် ဥက္ကဋ္ဌ  ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်မှ ဖြည့်စွက်ရှင်းလင်းခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
နေ့လည်ပိုင်းတွင် အသင်းရုံး ဝန်ထမ်းတွေ့ဆုံပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ ပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေး အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ လိုအပ်သည်များကိုတင်ပြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ဝန်ထမ်းများအား ဆန်၊ ဆီနှင့်ကြက်ဥများကို ထောက်ပံ့ပေးခဲ့ပါသည်။