မေတ္တာစမ်းရေ မူလတန်းကြိုကျောင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ်ကျောင်းဆင်းပွဲ

မေတ္တာစမ်းရေ မူလတန်းကြိုကျောင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ်ကျောင်းဆင်းပွဲ

မြန်မာနိုင်ငံမိခင်နှင့်က‌လေးစောင့်‌ရှောက်ရေးအသင်း မေတ္တာစမ်း‌ရေမူလတန်းကြို ကျောင်း (၂၀၂၃ - ၂၀၂၄) ပညာသင်နှစ်ကျောင်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် မတ် လ (၂၂)ရက်၊ နံနက် (၉ : ၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည် တော်အတွင်းရှိ ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ အတွင်း‌ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မေတ္တာစမ်းရေမူလတန်းကြိုကေျာင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အခမ်းအနားအား နိုင်ငံတော်သီချင်းဖွင့်လှစ်၍ အလေးပြုကြပါသည်။ ယင်းနောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဥက္ကဋ္ဌမှ မူလတန်းကြို ကျောင်းသား၊ကျောင်းသူလေးများအား ကျောင်းဆင်းဂုဏ်ပြု မှတ်တမ်းများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များသည် ကျောင်းသား၊ကျောင်းသူလေးများ၊ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဒုတိယပိုင်းအစီအစဉ်တွင် ကလေးငယ်လေးများမှ အကပဒေသာများနှင့် ကပြဖေျာ်ဖြေတင်ဆက်ခဲ့ကြပါသည်။ အကပ‌ဒေသာများနှင့် ဖေျာ်ဖြေတင်ဆက်သွား သော မူလတန်းကြို ကလေးငယ်စုစု‌ပေါင်း (၅၁)ဦးကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက် ရေးအသင်း ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက မေတ္တာလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။