မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းနှင့် IPPF – SPRINT Project တို့ ပူးပေါင်းဆောင်ရွက်သည့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် အသင်း(ဗဟို)၌ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မေတ္တာစမ်းရေ ဆေးခန်းမှ တာဝန်ခံဆရာဝန်က မျိုးဆက်ပွားကျန်းမာရေးနှင့်ပတ်သက်၍ သိကောင်းစရာများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။   အဆိုပါ ဟောပြောပွဲသို့ အသင်းရုံးဝန်ထမ်း(၅၇)ဦး တက်ရောက်ခဲ့ပါသည်။