မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းကိုနေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာတွင် ဆောင်ရွက်ခြင်း။

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်း၊ စာရင်းစစ်ဒေါက်တာခင်ဝင်းသက် နှင့်အသင်းမှ တာဝန်ရှိသူများ၊ပျဉ်းမနားကုတင်(၂၀၀)ပြည်သူ့ဆေးရုံမှ မျက်စိအထူးကု ဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူ များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင် များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက်ဆရာဝန်များ၊ IPPF စီမံချက်ဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူးဒေါက်တာမေချမ်းဦးတို့ လိုက်ပါလျက် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့တွင် နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်၊ ဂုံမင်းကွင်း ကျေးရွာသို့ သွားရောက်ကာရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုကိုဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်ကအမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ လက်ထောက် ဆရာဝန်ဒေါက်တာသက်နိုင်ဦးကဆီးချို၊သွေးချိုရောဂါအကြောင်းကိုလည်းကောင်း၊(၂၄)နှစ်အောက် လူငယ်များအား“သက်ငယ်မုဒိမ်းမှုကာကွယ်ရေးဆိုင်ရာနှင့် လူကုန်ကူးခြင်း ဆိုင်ရာသိကောင်းစရာများအကြောင်းကို” ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူး ဒေါ်သူဇာ လွင်ကလည်းကောင်း၊IPPFစီမံချက်ဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူးဒေါက်တာမေချမ်းဦးကပျိုရွယ်သူမျိုးဆက်ပွားကျန်းမာရေးအသိပညာပေးခြင်းအကြောင်းကိုလည်းကောင်း၊ အသီးသီးအသိပညာပေးဟောပြောခဲ့ကြပါသည်။
          ဆက်လက်၍ အဘိုးအဘွား(၉၂)ဦးကိုအားဆေးနှင့်အာဟာရဖြစ်စေမည့် အစား အစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၈)ဦးကိုကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေမဂ္ဂဇင်းများကိုလည်းကောင်း လှူဒါန်းခဲ့ပါ သည်။
          အဆိုပါပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီးဘိုးဘွား များ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့်လာရောက်ပြသသောလူနာများအပါအဝင် ကျေးရွာ၊ရပ်ကွက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင် (၈)ဦး၊ သက်ကြီးဘိုးဘွား(၉၂)ဦး၊ မျက်စိလူ နာ(၄၁)ဦး၊ သွားနှင့်ခံတွင်းလူနာ(၄၄)ဦးနှင့် အထွေထွေလူနာ(၁၃၆)ဦးစုစုပေါင်း (၃၂၁) ဦးတို့ကိုကြည့်ရှုစစ်ဆေးကုသပေးခဲ့ပြီး ညွှန်းပို့ရန်လိုအပ် သောလူနာ(၃၃)ဦးအားနီးစပ်ရာ ကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်းများကိုဆောင်ရွက် နိုင်ခဲ့ပါသည်။