မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းကိုနေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ဆောင်ရွက်ခြင်း။

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ဒုတိယဥက္ကဌ(၂) ပါမောက္ခဒေါက်တာမာလာဝင်း၊ စာရင်းစစ် ဒေါက် တာ ခင်ဝင်းသက်၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်း စိန်နှင့်အသင်းမှ တာဝန်ရှိသူများ၊ပျဉ်းမနားကုတင်(၂၀၀)ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့် အဖွဲ့၊ နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှလက်ထောက်ဆရာဝန်များ၊ IPPFစီမံချက်ဌာန၊အမှုဆောင်ညွှန်ကြားရေးမှူးဒေါက်တာမေချမ်းဦးတို့ လိုက်ပါလျက် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့တွင် နေပြည်တော်၊ပျဉ်းမနားမြို့နယ်၊ ဇီးကုန်းကျေးရွာ သို့ သွားရောက်ကာရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုကိုဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်ကအမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ဒေါက်တာသက်နိုင်ဦးမှ သွေးတိုးရောဂါအကြောင်းကိုလည်းကောင်း၊(၂၄)နှစ်အောက် လူငယ်များအား“သက်ငယ်မုဒိမ်းမှုကာကွယ်ရေးဆိုင်ရာနှင့် လူကုန်ကူးခြင်းဆိုင်ရာသိကောင်းစရာများအကြောင်းကို” ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲအုပ် ကျော်လင်းထွန်းကလည်းကောင်း၊မေတ္တာစမ်းရေဆေးခန်းလက်ထောက်ဆရာဝန် ဒေါက်တာလင်းပြည့်သိန်းကကို ယ်ဝန်ဆောင်စောင့်ရှောက်ခြင်းအကြောင်းကိုလည်းကောင်း၊IPPFစီမံချက်ဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူးဒေါက်တာမေချမ်းဦးကပျိုရွယ်သူမျိုးဆက်ပွားကျန်းမာရေးအသိ ပညာပေးခြင်းအကြောင်းကိုလည်းကောင်းအသီးသီးအသိပညာပေးဟောပြောခဲ့ကြပါသည်။
 
          ဆက်လက်၍ အဘိုးအဘွား(၆၈)ဦးကိုအားဆေးနှင့်အာဟာရဖြစ်စေမည့် အစားအစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၁၃)ဦးကိုကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေမဂ္ဂဇင်းများကို လည်းကောင်းလှူဒါန်း ခဲ့ပါသည်။
          အဆိုပါပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့်လာရောက်ပြသသောလူနာများအပါအဝင် ကျေးရွာ၊ရပ်ကွက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီးကျန်းမာရေးစစ်ဆေးခြင်းများကိုဆက်လက်ဆောင်ရွက်ခဲ့ရာကိုယ်ဝန်ဆောင် (၁၃)ဦး၊သက်ကြီးဘိုးဘွား(၆၈)ဦး၊ မျက်စိလူနာ(၉၂)ဦး၊သွားနှင့်ခံတွင်းလူနာ(၂၂)ဦးနှင့် အထွေထွေလူနာ(၁၂၁)ဦးစုစုပေါင်း(၃၁၆)ဦးတို့ကိုကြည့်ရှုစစ်ဆေးကုသဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။