မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူ လူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းကိုနေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပန်းတင်ကျေးရွာတွင် ဆောင်ရွက်ခြင်း။

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်
 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းစိန်နှင့်အသင်းမှ တာဝန်ရှိသူများ၊ပျဉ်းမနားကုတင်(၂၀၀)ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွား ဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာန မှတာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက် ဆရာဝန်များ၊ IPPF စီမံချက်ဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူးဒေါက်တာ မေချမ်းဦးတို့ လိုက်ပါလျက် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပန်းတင်ကျေးရွာသို့ သွားရောက်ကာရွေ့လျားကျန်းမာရေးစောင့်ရှောက်မှု ကို ဆောင်ရွက် ခဲ့ပါသည်။
ရှေးဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်ကအမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒေါက်တာ သန်းလွင်ကသက်ကြီးဘိုးဘွားကျန်းမာရေးအကြောင်းကိုလည်းကောင်း၊(၂၄)နှစ်အောက် လူငယ်များအား “သက်ငယ်မုဒိမ်းမှုကာကွယ်ရေးဆိုင်ရာနှင့် လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်းကို” ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲအုပ် ကျော်လင်းထွန်း ကလည်းကောင်း၊လက်ထောက်ဆရာဝန် ဒေါက်တာခင်ဝါဝါလှိုင်ကကိုယ်ဝန်ဆောင်စောင့် ရှောက်ခြင်းအကြောင်းကိုလည်းကောင်း၊IPPFစီမံချက်ဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမေချမ်းဦးက ပျိုရွယ်သူ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးခြင်း အကြောင်းကိုလည်းကောင်းအသီးသီးအသိပညာပေးဟောပြောခဲ့ကြပါသည်။
 
          ဆက်လက်၍ အဘိုးအဘွား(၁၀၀)ဦးကိုအားဆေးနှင့်အာဟာရဖြစ်စေမည့် အစား အစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၂၆)ဦးကိုကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေမဂ္ဂဇင်းများကိုလည်းကောင်းလှူဒါန်းခဲ့ ပါသည်။
          အဆိုပါပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီးဘိုးဘွား များ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့် လာရောက်ပြသသော လူနာများအပါအဝင် ကျေးရွာ၊ရပ်ကွက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီးကျန်းမာရေးစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာကိုယ်ဝန်ဆောင် (၂၆)ဦး၊သက်ကြီးဘိုးဘွား(၁၀၀)ဦး၊ မျက်စိ လူနာ(၂၄)ဦး၊သွားနှင့်ခံတွင်းလူနာ(၇၈)ဦးနှင့် အထွေထွေလူနာ(၁၅၈)ဦးစုစုပေါင်း(၃၈၆) ဦးတို့ကိုကြည့်ရှုစစ်ဆေးကုသဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။