မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ရှမ်းပြည်နယ်သို့ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ဆောင်ရွက်ခြင်း။ (၁၀.၁.၂၀၁၇) မှ (၁၂.၁.၂၀၁၇) အထိ

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ။

 

 

 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ရှမ်းပြည်နယ်သို့ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ဆောင်ရွက်ခြင်း။ (၁၀.၁.၂၀၁၇) မှ (၁၂.၁.၂၀၁၇) အထိ။
 

 

           မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌဒေါက်တာနုနုသာသည် ဗဟိုအလုပ် အမှုဆောင်များလိုက်ပါလျက် ရှမ်းပြည်နယ်သို့ (၁၀-၁-၂၀၁၇)ရက်နေ့မှ (၁၂-၁-၂၀၁၇)ရက်နေ့အထိ သွားရောက်ကာ အသင်းပိုင်သားဖွားခန်းနှင့်မူကြိုကျောင်းများကို ကြည့်ရှုထောက်ပံ့ပေးခြင်းနှင့်စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံခြင်းများဆောင်ရွက်ခဲ့ပါသည်။
          (၁၁ -၁-၂၀၁၇)ရက်နေ့တွင်စစ်ဘေးရှောင်ပြည်သူများအတွက်  ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်း အနားကို  ပြည်နယ်မိခင်နှင့်ကလေးခန်းမတွင် ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ခရိုင်၊မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင် များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်ဆယ်အိမ်စုမှူးများ တက် ရောက်ခဲ့ကြပါသည်။  ပထမဦးစွာ အသင်း(ဗဟို) ဥက္ကဋ္ဌဒေါက်တာနုနုသာ မှ အဖွင့်အမှာစကားပြောကြား ပြီး စစ်ဘေးရှောင်ပြည်သူများအတွက်ငွေကျပ်သိန်း(၁၀ဝ)ပေးအပ်လှူဒါန်းရာရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှလက်ခံရယူခဲ့ပါသည်။ခရီးစဉ်တွင်ဟဲဟိုးမြို့နယ်နှင့်တောင်ကြီးမြို့နယ်များရှိအသင်းပိုင်မူလတန်းကြိုကျောင်းများသို့သွားရောက်၍သင်ထောက်ကူပစ္စည်းများနှင့်မူကြိုဆရာမဝတ်စုံများ၊ဖြည့်စွက်အာဟာရထောက်ပံ့ခြင်းနှင့်သားဖွားခန်းအတွက် သားဖွားဆရာမဝတ်စုံ၊ ကလေး အနှီးနှင့်အင်္ကျိများ၊CDKများထောက်ပံ့ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။                ထို့နောက်ညောင်ရွှေမြို့နယ်နမ့်ပန်ကျေးရွာပရဟိတဖွံ့ဖြိုး ရေးကျောင်းသို့သွားရောက်၍အသိပညာပေးဟောပြောပွဲဆောင်ရွက်ပြီး အလှူ ငွေများလှူဒါန်းခဲ့ကြောင်း  သတင်းရရှိပါသည်။