လူသုံးကုန်ထုတ်လုပ်မှု( ဆပ်ပြာအမျိုးမျိုး) သင်တန်း

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်မှ (၂၈)ရက်နေ့အထိ
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် မိသားစုဝင်ငွေတိုးလုပ်ငန်းအစီအစဉ်ဖြင့် ရည်ရွယ်ဖွင့်လှစ်သောလူသုံးကုန်ထုတ်လုပ်မှု (ဆပ်ပြာအမျိုးမျိုး) သင်တန်းကိုနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးသင်တန်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းသို့ နေပြည်တော်အတွင်းရှိ ၀န်ကြီးဌာနများနှင့်မြို့နယ်များမှ သင်တန်းသူစုစုပေါင်း (၂၂) ဦးတက်ရောက်ခဲ့ပြီး၎င်းသင်တန်းကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ (၃)ရက်ကြာဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်းသိရှိရပါသည်။