ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်မှ ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်တို့ ကြွရောက်တော်မူကြပါသည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီးနောက် ပေါက်မြိုင်ကျောင်းတိုက် ဆရာတော်မှ ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများကို ဟောကြားခဲ့ပါသည်။
          ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြပါသည်။ ထို့နောက် အသင်း(ဗဟို)ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များထံ ဝါဆို သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်မှ သာဓုအနုမောဒနာ တရားဟောကြားခဲ့ပါသည်။ ထို့နောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပါသည်။