မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာ၊အမျိုးသားTBရောဂါတိုက် ဖျက်ရေးစီမံကိန်းနှင့် Global Fundတို့ ပူးပေါင်းဆောင်ရွက်သည့် Community Based TB Care Project Annual EvaluationMeeting

၂၀၁၆ ခုနှစ်၊ ဇွန်လ ၂ ရက်။


မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အမျိုးသားTBရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် Global  Fund တို့ပူးပေါင်းဆောင်ရွက်သည့်Community Based TB Care Project ၏  Annual Evaluation Meetingအခမ်းအနားကို၂၀၁၆ခုနှစ်၊ဇွန်လ(၂)ရက်၊ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စီမံချက်ဝင် တိုင်းဒေသကြီး ပြည်နယ်နှင့် နေပြည်တော်အမျိုးသားTB ရောဂါတိုက်ဖျက်ရေးဆိုင်ရာဆရာဝန်ကြီးများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး ဥက္ကဋ္ဌများ၊ စီမံချက်ဝင်မြို့နယ်များမှမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်စေတနာ့ ၀န်ထမ်းအသင်းဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာနုနုသာက အဖွင့်အမှာစကား ပြောကြားပြီး ဒေါက်တာသန္တာလွင် (ညွှန်ကြားရေးမှူး၊ရောဂါနှိမ်နင်းရေးပြည်သူ့ကျန်းမာရေးဦးစီးဌာန)မှ မြန်မာနိုင်ငံ၏ တီဘီရောဂါ တိုက်ဖျက်ရေးအခြေအနေကို  ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ဆွေးနွေးပွဲကိုအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး ဌာနမှစီမံချက်မန်နေဂျာ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာစည်သူအောင်က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာမြတ်ကျော်သူက အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း အကြောင်းနှင့်၂၀၁၅ခုနှစ် ရလဒ်များအကြောင်း မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ CBTBC စီမံချက်တာဝန်ခံ ဒေါက်တာသက်နိုင်ဦးက ၂၀၁၅ခုနှစ်အတွင်း စီမံချက်ရလဒ်များအကြောင်းရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စီမံချက်ဝင် တိုင်းဒေသကြီး/ပြည်နယ်နှင့်နေပြည်တော် တီဘီရောဂါတိုက်ဖျက်ရေးဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးကြပါသည်။
နေ့လည်ပိုင်းဆွေးနွေးပွဲတွင် သဘာပတိအဖြစ်  ဒေါက်တာဝင်းမောင် (WHO,National Technical Officer)က ဆောင်ရွက်၍စီမံချက်ဆောင်ရွက်ရာတွင် တွေ့ရှိခဲ့သောအတွေ့အကြုံနှင့်စိန်ခေါ်မှုများအပေါ် မူတည်၍ အုပ်စုလိုက်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ရသည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။