၂၀၁၈ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက် ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ( ၁၀ )ရက်၊ နံနက် (၉: ၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိမြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်၊အတွင်းရေးမှူးဒေါက်တာ နွယ်နီ အုန်း၊ဘဏ္ဍာရေးမှူး ဒေါက်တာ လဲ့လဲ့ရီ၊စာရင်းစစ် ဒေါက်တာခင်ဝင်းသက်နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်း စိန်၊အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ခရိုင်မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါ သည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြခဲ့ပါသည်။ ယင်းနောက် အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ၂၀၁၈ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက် ရောဂါတိုက်ဖျက်ရေးနေ့လှုပ်ရှားမှုပြခန်းအားကြည့်ရှုခဲ့ကြပါသည်။
 
ဒုတိယပိုင်းအနေဖြင့် နေ့လည်(၁)နာရီမှ ညနေ(၄)နာရီအထိမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်နှင့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များဦးဆောင်၍နေပြည်တော်၊ပျဉ်းမနားမြို့နယ်၊ ကတိုးဆိပ်ကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါကာကွယ်တားဆီး ရေးဆိုင်ရာစကားဝိုင်းဆွေးနွေး ပွဲများကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန်းသန်းနွယ်က HIV/ AIDS ရောဂါအကြောင်းအသိပေးဆွေးနွေးခဲ့ပါသည်။
 
          ဆက်လက်၍မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က ကိုယ်ဝန်ဆောင်မိခင်များကို ကလေးအင်္ကျီ၊ အနှီးပိတ်နှင့် အားဖြည့်ဆန်များကိုထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက် ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် HIV/ AIDS ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးစကားဝိုင်းကိုအုပ်စုများခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။
ယင်းစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူများ၊မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မှ လက်ထောက်ဆရာဝန်များ၊ IPPF စီမံချက်ဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မေချမ်းဦးနှင့်တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့နယ်၊ ကတိုးဆိပ်ကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းအသင်းဝင်များ၊ ကိုယ်ဝန်ဆောင်မိခင် များနှင့်ခင်ပွန်းများ၊ ဆယ်ကျော်သက်လူငယ်လူရွယ်များ၊ အရွယ်ရောက်ပြီးအမျိုးသား၊ အမျိုး သမီးများနှင့် အခြားဖိတ်ကြားထားသူများတက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါသည်။