၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၈)ရက်။
 

          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနား ကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၈)ရက်နေ့ နံနက်(၉ :၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
          အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ‌ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုး သမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် များ၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယ ဥက္ကဋ္ဌ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီး ကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်မှု ကြီးကြပ်ရေး အဖွဲ့များမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ မြို့နယ် (၈)ခုမှ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မေတ္တာစမ်းရေးဆေးခန်းတွင် (၃)ကြိမ်နှင့် အထက်လာရောက် ပြသပြီးသော ကိုယ်ဝန်ဆောင်(၄၀)ဦးနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။
          အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ‌ဒေါက်တာအေးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ ကမ္ဘာ့မိခင်နို့ စနစ် တကျတိုက်ကျွေးရေး ရက်သတ္တပတ်ကို နှစ်စဉ်နှစ်တိုင်း ဦးတည်ဆောင်ရွက်မယ့် လုပ်ငန်း‌ ဆောင်ပုဒ်တစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နှစ်စဉ်ရွေးချယ်ပေးပြီး ကျင်းပလေ့ရှိရာမှာ ဒီနှစ်အတွက် လုပ်ငန်းဆောင်ပုဒ်ကတော့ “ Enabling breastfeeding: making a difference for working parents.” ဖြစ်ပါတယ်။ မြန်မာလိုကတော့ “ လုပ်ငန်းခွင်ဝင် မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်ပံ့ပိုး‌ဆောင်ရွက်စို့ ” ဖြစ်ပါကြောင်း၊ မိခင်နို့ဟာ ကလေးအတွက် ပထမဆုံးအစာအာဟာရဖြစ်ပြီး မွေးစမှ ကလေးအသက် (၆)လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးဖို့ လိုအပ်ပြီး (၆)လပြည့်ပြီးနောက်မှာ ဖြည့်စွက်စာနဲ့အတူ ကလေးအသက်(၂)နှစ်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးဖို့ လိုအပ်ကြောင်း၊ ဒီလိုမိခင်နို့ စနစ်တကျတိုက်ကျွေးနိုင်ဖို့အတွက် မိဘတိုင်းမှာ တာဝန်ရှိသလို မိခင်နို့ချိုဟာ ကလေးငယ်များရဲ့ အနာ၍ဂတ်အတွက် အထူးအရေးကြီးကြောင်း၊ ကလေး အသက်  (၆)လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးဖို့နဲ့ အသက်(၂)နှစ်အထိ ဖြည့်စွက် စာကျွေးရင်း မိခင်နို့ ဆက်လက်တိုက်ကျွေးနိုင်ဖို့ဆိုတာမှာ လုပ်ငန်းခွင်ဝင်မိခင်များအနေနဲ့ အခက်အခဲများစွာ ရှိတဲ့အတွက် ဒီအခက်အခဲတွေ ဖြေရှင်းဖို့ လုပ်ငန်းခွင်မှာ မိခင်တွေ အတွက် မိခင်နို့တိုက်ကျွေးနိုင်မယ့် ပတ်ဝန်းကျင်ကောင်းတွေ လိုအပ်နေကြောင်း၊ ဒါ့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ဝန်ကြီးဌာန နေ့ကလေးထိန်းကျောင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လုပ်ငန်းခွင်ဝင် မိခင်များ နို့ချိုဆက်လက်တိုက်ကျွေးနိုင်စေဖို့ ရည်ရွယ်ကာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ဦးတည်ချက် (၁၂)ရပ်ထဲက လူမှုရေးဦးတည်ချက် ထဲမှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်‌ရေးအတွက် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာ‌ရေး ကဏ္ဍမြှင့်တင်ရေးပါဝင်တာကြောင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ် လူချွန်လူကောင်းများ ပေါ်ထွက်စေဖို့ အခြေခံကျပြီး အရေးပါတဲ့ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ လူထုအခြေပြု အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အခြေခံကျန်းမာရေး ပညာရှင်များနှင့် ဆက်လက်ပူးပေါင်းကူညီပြီး ပါဝင်ဆောင်ရွက်ပေးကြဖို့ အလေးအနက်တိုက်တွန်းကြောင်း” ပြောကြားခဲ့ပါသည်။
ယင်းနောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများက အခမ်းအနားသို့ တက်‌ရောက် လာကြသည့် ကိုယ်ဝန်ဆောင် မိခင်များကို အိုင်အိုဒင်းဆား၊ ကိုယ်ဝန်ဆောင်အားဆေး၊ အနှီးပိတ်များနှင့် လူသုံးကုန် ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီး ပါမောက္ခ ‌ဒေါက်တာအေးထွန်းသည် ခင်းကျင်းပြသထားသော မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၏ လှုပ်ရှားမှုဓာတ်ပုံများကို အခမ်းအနားတက်‌ရောက်လာကြသူများနှင့် အတူ ကြည့်ရှုခဲ့ ကြပါသည်။
          ဒုတိယပိုင်းအစီအစဉ်အရ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာယုယုခင်က  ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် အာဟာရနှင့် ပတ်သက်၍ လည်းကောင်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ‌ဒေါ်ဖြူဖြူဝင်းက “ ဘဝ‌ရှေ့ဆောင် ရက်တစ်ထောင် အနာဂတ်အလင်းရောင်” ခေါင်းစဉ်နှင့် ပတ်သက်၍လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် မေတ္တာစမ်းရေ ဆေးခန်းတွင် (၃)ကြိမ်နှင့်အထက် လာရောက်ပြသပေးသော ကိုယ်ဝန်ဆောင်များအား မိခင်နို့တိုက်ကျွေးခြင်း၊ အာဟာရ အကြောင်းများနှင့်ပတ်သက်သော မေးခွန်းလွှာများကို ဖြေဆိုစေခဲ့ပြီး ထူးချွန် စွာဖြေဆိုနိုင်ခဲ့သော ကိုယ်ဝန်ဆောင်များကို အသင်းဗဟို ဥက္ကဋ္ဌက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ အသီးသီး ပေးအပ်ခဲ့ပြီး နေ့လည်ပိုင်းတွင် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပါသည်။