“Psychosocial Support Workshop for Key Volunteers”သင်တန်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းနှင့် IPPF – SPRINT Project တို့ ပူးပေါင်းဆောင်ရွက်သည့် Psychosocial Support Workshop for Key Volunteers သင်တန်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၀)ရက်နေ့အထိ အသင်း (ဗဟို)ရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စီမံချက်တာဝန်ခံများမှ သင်တန်းပို့ချခဲ့ပါသည်။
   အဆိုပါသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသူ (၂၀)ဦး တက် ရောက်ခဲ့ကြပါသည်။