Value Clarification and Attitude Transformation, VCAT Workshop

၂၀၁၉ခုနှစ်၊ ဇွန်လှိုင်လ (၃၁)ရက်
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် Ipas အဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက်သည့်(၄)ကြိမ်မြောက်“Value Clarification and Attitude Transformation, VCAT’’အလုပ်ရုံဆွေးနွေးပွဲကို၂၀၁၉ခုနှစ်၊ဇွန်လှိုင်လ (၃၁)ရက်နေ့မှဩဂုတ်လ(၁)ရက်နေ့အထိမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးရှိ သင်တန်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်းနှင့်ဘဏ္ဍာရေးမှူးဒေါက်တာလဲ့လဲ့ရီ၊Ipas အဖွဲ့အစည်းမှတာဝန်ရှိသူများ၊တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့့််ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှကြီးကြပ်အဖွဲ့ဝင်များနှင့်အခြားဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ယင်းနောက်Ipas အဖွဲ့အစည်းမှ Country Director ဒေါက်တာနီနီမှအလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့စစ်ကိုင်းတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ရှိတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များမှ သင်တန်းသား၊သင်တန်းသူစုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ကြပါသည်။