ကျားမအခြေပြုအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးသင်တန်းပို့ချခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ‌ဒေါက်တာ စန်းစန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းတို့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ သွားရောက်၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ ကျားမ အခြေပြုအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး သင်တန်းကို သွား‌ရောက်သင်တန်း ပို့ချပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်မြို့နယ်မိခင်နှင့်ကလေးသားဖွားခန်းနှင့် ရွှေတောင် မြို့နယ်မိခင်နှင့် ကလေး သားဖွားခန်းများသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့ပါသည်။ ယင်းနောက် နတ္တလင်းမြို့နယ်မိခင်နှင့်ကလေး မူကြိုကျောင်း၊ ရွှေတောင်မြို့နယ်မိခင်နှင့်ကလေးမူကြိုကျောင်းနှင့် အိုးသည်ကုန်းမြို့နယ်မိခင်နှင့်ကလေး မူကြိုကျောင်းများသို့ သွားရောက်၍ သင်ထောက်ကူ ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။