
၁။ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ နှင့် အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း တို့သည် (၁၁-၇-၂၀၂၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အသင်းပိုင်သားဖွားခန်း သို့ သွားရောက်ကာ သားဖွားခန်းအတွက် လိုအပ်သည်များ ထောက်ပံ့ပေးနိုင်ရန် နှင့် ပြုပြင်ရန် လိုအပ်သည်များကို ကြည့်ရှု့ စစ်ဆေးခဲ့ကြပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့က ပြင်ဆင်ထောက်ပံ့စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
၂။ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့ ပါဝင်သော အဖွဲ့သည် (၁၅-၇-၂၀၂၅)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သို့ ထပ်မံသွားရောက်ခဲ့ကြပြီး ပဲခူးမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အသင်းပိုင်သားဖွားခန်း ၏ ပြုပြင်ရန်လိုအပ်လျက်ရှိသည့် အညစ်အကြေးစွန့်ပစ်ကန် (Septic tank) ကို ကြည့်ရှု့စစ်ဆေးခဲ့ကြပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ ပါမော္ခဒေါက်တာစန်းစန်းမြင့်အောင် မှ နှင့် အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းတို့သည် ပဲခူးမြို့နယ် အသင်းပိုင်သားဖွားခန်းတွင် ပြုပြင်ရန် လိုအပ်များ တင်ပြလာခြင်းအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး သားဖွားခန်းအတွက် လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်၍ ပဲခူးမြို့နယ် အသင်းပိုင်သားဖွားခန်းတွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူနေကြ သော ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းနှင့်ဆေးဝါးထောက်ပံ့ခြင်း နှင့် မွေးဖွားပြီးမိခင်အား ထောက်ပံ့ငွေပေးအပ်ခြင်းတို့ ကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့ ပါဝင်သော အဖွဲ့သည် ပဲခူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ရုံး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများ ကို ကြည့်ရှု့ခဲ့ကြပြီး ရန်ကုန်သို့ ပြန်လည်ခရီးထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။